ကန့်ကွက်ဆန္ဒပြပွဲ

January 29, 2021

ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြပွဲ ရန်ကုန်တွင်ပြုလုပ် (ဓာတ်ပုံ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ  ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ကြိုတင်ခွင့်ပြုချက်မပါဘဲပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ  ရာနဲ့ချီတဲ့ လူတွေက မြန်မာနိုင်ငံအလံတွေ ကိုင်ဆောင်ပြီး ကမ္ဘာဘုရားလမ်းမှ တစ်ဆင့် ဦးထောင်ဘိုလမ်း ၊ ရေတာရည်လမ်းဟောင်း မှတဆင့် ကြားတောရလမ်း သို့ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက " မှန်ကန်မှုမရှိသောရွေးကောက်ပွဲရလဒ် အလိုမရှိ"၊ " မဲမသာမှုများ ဖော်ထုတ်ရေး ဒို့အရေး" ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အလိုမရှိ"  စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။

Photo - Myo Min Soe / MPA

9 months Ago
Up