ကဒုံကနိကမ်းခြေ၌ သင်္ကြန်ရေကစားစဉ် ရေထဲမျောပါသွားသည့် ၈တန်းကျောင်းသားအလောင်း ပြန်တွေ့

April 16, 2019

ကဒုံကနိကမ်းခြေ၌ သင်္ကြန်ရေကစားစဉ် ရေထဲမျောပါသွားသည့် ၈တန်းကျောင်းသားအလောင်း ပြန်တွေ့

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကမ်းခြေမှာ သင်္ကြန်ရေကစားနေစဉ် ရေစီးနဲ့မျောပါသွားတဲ့ ၈တန်းကျောင်းသားရဲ့ ရုပ်အလောင်းကို သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် က ပြန်လည်တွေ့ရှိခဲ့ပါတယ်။ သင်္ကြန်အကျနေ့ ညနေပိုင်းက ကမ်းခြေမှာ ရေကစားနေတဲ့ ၈တန်းကျောင်းသား တဦးဟာ ရေနက်ပိုင်းရောက်ရှိသွားပြီး ရေစီးနဲ့ မျောပါနစ်မြှုပ်သွားခဲ့တာဖြစ်ပါတယ်။ မျောပါသွားတဲ့ကျောင်းသားကို မိသားစုဝင်တွေက ကမ်းခြေမှာ ကန်တော့ပွဲပေးပြီး လိုက်လံ ရှာဖွေခဲ့ရာမှာ သင်္ကြန်အကြတ်နေ့  နေ့လယ်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကမ်းခြေမှာရှိတဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
3 years Ago
Up