ကဒါးလာကျေးရွာ

September 14, 2021

ဒီးမော့ဆိုတိုက်ပွဲ PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး၊ စစ်ကောင်စီဘက်က ၃ ဦးကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကဒါးလာကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့မနက် ၅ နာရီခွဲကနေ ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ PDF တပ်သား  ၂ ဦး ကျဆုံးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် တိုက်ပွဲမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေနဲ့   PDF၊ KNDF နဲ့ KA ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သလို စစ် ကောင်စီဘက်ကလည်း  ၃ ဦးထက်မနည်းကျဆုံး ဒဏ်ရာရရှိတယ်လို့ ခန့်မှန်း ဖော်ပြပါတယ်။

ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သားတွေကတော့  မောင်ဆီးမိုး(ခ)အောင်နိုင်နဲ့ မောင်ပီတာ တို့ဖြစ်တယ်လို့  ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

2 years Ago
Up