ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

November 26, 2020

နိုင်ငံတော်အကြီးအကဲများ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း (ဓာတ်ပုံ)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေကို သမ္မတဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်  အစိုးရအဖွဲ့အကြီးအကဲတွေက ဒီနေ့မနက် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မှာ ကထိန်သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းကြပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမှာ လှူဖွယ်ပစ္စည်းတွေနဲ့ နဝကမ္မအလှူငွေ စုစုပေါင်းငွေကျပ် ၄၂၇ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- President Office 
5 months Ago
Up