ကတ္တရာလမ်းခင်းပြသည့်ရုပ်သံ

January 16, 2017

လူအင်အားမသုံးဘဲ ကားဖြင့် ကတ္တရာလမ်းခင်းပြသည့်ရုပ်သံ ရေပန်းစား

လူအင်အားများများ အသုံးမပြုဘဲ ကတ္တရာလမ်းခင်းနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် သြစတြေးလျနိုင်ငံမှာတော့ ကားတစီးတည်းနဲ့ ကတ္တရာလမ်းခင်းပြနိုင်ခဲ့တာကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ ကတ္တရာလမ်းခင်းတာကို ရိုက်ပြထားခဲ့တဲ့ ကောင်းကင်ဒရုန်းရိုက်ချက် ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများပြီး ရေပန်းစားနေခဲ့ပါတယ်။ ဒါဟာ မိုရာလေယာဉ်ကွင်းအတွင်း လမ်းခင်းနေချိန်မှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၁၅ သန်းကျော် ရှိနေခဲ့တာပါ။ ပထမဦးဆုံး ဖောက်လုပ်ထားတဲ့ လမ်းတလျှောက် ကားနဲ့ ကတ္တရာစေးတွေကို ဖျန်းခဲ့ပြီးမှ စကျင်ကျောက်တွေကို အဲဒီအပေါ်က ထပ်အုပ်ခဲ့တာပါ။ ဒီကတ္တရာလမ်းခင်းတဲ့ အဖြစ်အပျက်တခုလုံးမှာ လူအင်အားအများကြီး အသုံးပြုထားခြင်း မရှိတာက တကယ့်ကို ထူးခြားနေတာဖြစ်ပြီး အပေါ်ကနေ စီးမိုးမြင်ရတဲ့ လမ်းခင်းတဲ့ အခြေအနေဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒီလမ်းဟာ လေယာဉ်ကွင်းအတွင်း အရေးပေါ်အခြေအနေမှာ ကားတွေ မောင်း နှင်သွားလာနိုင်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
5 years Ago
Up