ကတ်ရှ်မီးယားဒေသ

September 25, 2019

ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဒေသတွင် မြေငလျင်လှုပ်ပြီး လူ ၂၂ ယောက် သေဆုံး

ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဒေသမှာ စက်တင်ဘာ ၂၄  ရက်နေ့က ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခဲ့ပြီး လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်းလောက်  ၂၀၀ နီးပါး ဒဏ်ရာရပြီး အဆောက်အဦတွေ ပြိုကျ ၊ လမ်းမတွေ အက်ကြောင်း ပေါ်ကုန်ပါတယ်။ အဆောက်အဦ ပြိုကျရာကနေ လူတယောက် လွတ်မြောက်သွားတဲ့ စီစီတီဗွီကို ဒေသဆိုင်ရာ Pakistani TV သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီ မြေငလျင်ဟာ မြို့တော် အစ္စလာမ်ဘတ်ကနေ  ကီလိုမီတာ ၁၂၀ အကွာ ဂျီလန်မြို့ မြောက်ပိုင်းကို ဗဟိုပြု လှုပ်ခဲ့တာပါ။ မြေအောက်အနက် ၁၀ ကီလိုမီတာ အကွာကနေ လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ဆိုပါတယ်။ ၂၀၀၅ ခုနှစ်ကလည်း ကတ်ရှ်မီးယားဒေသမှာ မြေငလျင်ကြီး လှုပ်ခဲ့ပြီး လူ ၈၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version ပါကစၥတန္ပိုင္ ကတ္ရွ္မီးယားေဒသတြင္ ေျမငလ်င္လႈပ္ၿပီး လူ ၂၂ ေယာက္ ေသဆုံး ပါကစၥတန္ပိုင္ ကတ္ရွ္မီးယားေဒသမွာ စက္တင္ဘာ ၂၄  ရက္ေန႔က ျပင္းအား ၅ ဒသမ ၈ အဆင့္ရွိ ေျမငလ်င္လႈပ္ခဲ့ၿပီး လူ ၂၂ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဒါ့အျပင္ လူေပါင္းေလာက္  ၂၀၀ နီးပါး ဒဏ္ရာရၿပီး အေဆာက္အဦေတြ ၿပိဳက် ၊ လမ္းမေတြ အက္ေၾကာင္း ေပၚကုန္ပါတယ္။ အေဆာက္အဦ ၿပိဳက်ရာကေန လူတေယာက္ လြတ္ေျမာက္သြားတဲ့ စီစီတီဗြီကို ေဒသဆိုင္ရာ Pakistani TV သတင္းဌာနက ထုတ္လႊင့္ခဲ့ပါတယ္။ အဲဒီ ေျမငလ်င္ဟာ ၿမိဳ႕ေတာ္ အစၥလာမ္ဘတ္ကေန  ကီလိုမီတာ ၁၂၀ အကြာ ဂ်ီလန္ၿမိဳ႕ ေျမာက္ပိုင္းကို ဗဟိုျပဳ လႈပ္ခဲ့တာပါ။ ေျမေအာက္အနက္ ၁၀ ကီလိုမီတာ အကြာကေန လႈပ္ခဲ့တယ္လို႔ အေမရိကန္ ဘူမိတိုင္းတာေရးအဖြဲ႕က ဆိုပါတယ္။ ၂၀၀၅ ခုႏွစ္ကလည္း ကတ္ရွ္မီးယားေဒသမွာ ေျမငလ်င္ႀကီး လႈပ္ခဲ့ၿပီး လူ ၈၀,၀၀၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up