ကတ်ထူလှည်းပြိုင်ပွဲ ကျင်းပ

August 1, 2019

ဘိုလီးဗီးယားတွင် ကတ်ထူလှည်းပြိုင်ပွဲ ကျင်းပ

ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပတ်ဇ်မှာ ဇူလိုင် ၂၈ ရက်က အစဉ်အလာအရ ပြုလုပ်တဲ့ ကတ်ထူလှည်းပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ရာချီတဲ့ ကလေးတွေနဲ့ ကလေးစိတ် မကုန်သေးတဲ့ လူကြီးတွေ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ဒီကတ်ထူလှည်း ပြိုင်ပွဲဟာ ပုံမှန်အားဖြင့် အမေရိကန်ဆင်ခြေဖုံး လူမှုဝန်းကျင်နဲ့ ဆက်နွှဲပေမယ်လို့ အခု ကျင်းပတဲ့ ဘိုလီးဗီးယားစတိုင် ပြိုင်ပွဲကတော့ ၁၉၅၀ ကစလို့ လာပတ်စ်မြို့မှာ ပြုလုပ်လာတာပါ။ ပြောရရင်တော့ ဘိုလီးဗီးယား မိသားစုတစုဖြစ်တဲ့ ပတ်ဇ်အာရီယက်စ် က  မျိုးဆက် ၃ ဆက်တိုင် ကတ်ထူလှည်းတွေကို တည်ဆောက် ပြိုင်ပွဲဝင်လာတာဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က ပတ်ဇ်အာရီယက်စ် မိသားစုဟာ  ကတ်ထူလှည်း ၃ ခု ထည့်သွင်း ယှဉ်ပြိုင်ခဲ့ပြီး စတက်ဖန်နီ ဖန်တီးတဲ့ လှည်းက ဒုတိယနေရာ ပန်းဝင်ခဲ့ပါတယ်။ လာပတ်ဇ်မှာ လုပ်တဲ့ ကတ်ထူလှည်းပြိုင်ပွဲမှာ နောက်ထပ် အခက်အခဲတွေ ရှိပါသေးတယ်။ အဲဒီထဲက တခုကတော့ လာပတ်ဇ်မြို့ဟာ ပင်လယ်ရေမျက်နှာအထက် ပေပေါင်း ၁၂,၀၀၀ နီးပါးမှာ တည်ရှိတာပါ။
Zawgyi Version ျဖင့္ဖတ္ရန္ ဘိုလီးဗီးယားႏိုင္ငံ ၿမိဳ႕ေတာ္ လာပတ္ဇ္မွာ ဇူလိုင္ ၂၈ ရက္က အစဥ္အလာအရ ျပဳလုပ္တဲ့ ကတ္ထူလွည္းၿပိဳင္ပြဲကို က်င္းပခဲ့ပါတယ္။ ဒီၿပိဳင္ပြဲကို ရာခ်ီတဲ့ ကေလးေတြနဲ႔ ကေလးစိတ္ မကုန္ေသးတဲ့ လူႀကီးေတြ ပါဝင္ယွဥ္ၿပိဳင္ၾကပါတယ္။ ဒီကတ္ထူလွည္း ၿပိဳင္ပြဲဟာ ပုံမွန္အားျဖင့္ အေမရိကန္ဆင္ေျခဖုံး လူမႈဝန္းက်င္နဲ႔ ဆက္ႏႊဲေပမယ္လို႔ အခု က်င္းပတဲ့ ဘိုလီးဗီးယားစတိုင္ ၿပိဳင္ပြဲကေတာ့ ၁၉၅၀ ကစလို႔ လာပတ္စ္ၿမိဳ႕မွာ ျပဳလုပ္လာတာပါ။ ေျပာရရင္ေတာ့ ဘိုလီးဗီးယား မိသားစုတစုျဖစ္တဲ့ ပတ္ဇ္အာရီယက္စ္ က မ်ိဳးဆက္ ၃ ဆက္တိုင္ ကတ္ထူလွည္းေတြကို တည္ေဆာက္ ၿပိဳင္ပြဲဝင္လာတာျဖစ္ပါတယ္။ ဇူလိုင္ ၂၈ ရက္က ပတ္ဇ္အာရီယက္စ္ မိသားစုဟာ ကတ္ထူလွည္း ၃ ခု ထည့္သြင္း ယွဥ္ၿပိဳင္ခဲ့ၿပီး စတက္ဖန္နီ ဖန္တီးတဲ့ လွည္းက ဒုတိယေနရာ ပန္းဝင္ခဲ့ပါတယ္။ လာပတ္ဇ္မွာ လုပ္တဲ့ ကတ္ထူလွည္းၿပိဳင္ပြဲမွာ ေနာက္ထပ္ အခက္အခဲေတြ ရွိပါေသးတယ္။ အဲဒီထဲက တခုကေတာ့ လာပတ္ဇ္ၿမိဳ႕ဟာ ပင္လယ္ေရမ်က္ႏွာအထက္ ေပေပါင္း ၁၂,၀၀၀ နီးပါးမွာ တည္ရွိတာပါ။
2 years Ago
Up