ကတ်တလန်ခေါင်းဆောင် ပူအိဒမုန် ဘာစီလိုနာသို့ ပြန်လာမည်ဟု ပြော

September 16, 2020

ဆွာရတ်ကို အလျှော့ပေး ကမ်းလှမ်းသွားရန် ဘာစီလိုနာ ပြင်ဆင်

တိုက်စစ်မှူး လူးဝစ္စဆွာရတ်ရဲ့ စာချုပ်နောက်ဆုံးနှစ်မှာ ပေးချေရမယ့် လုပ်အားခ အစိတ်အပိုင်းတချို့ကို ပေးချေသွားမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး ဆွာရတ်ကို ကမ်းလှမ်းဖို့ ဘာစီလိုနာအသင်းက ပြင်ဆင်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါဟာ အသင်းကနေ ဆွာရတ် ထွက်ခွာရေးမှာ ပိုမိုအဆင်ပြေစေဖို့ လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ ဆွာရတ်ဟာ နည်းပြသစ် ကိုးမန်းရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်ခွင့်မရတော့သူ ဖြစ်တာကြောင့် ဘာစီလိုနာ တာဝန်ရှိသူတွေက သူ့ကိုအသင်းကနေ ထွက်ခွာစေပြီး သူ့အတွက် ပေးချေနေရတဲ့လစာကို လျှော့ချဖို့ ကြိုးစားနေပါတယ်။  ဆွာရတ်ကို ဂျူဗင်တပ်စ်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အပြောင်းအရွှေ့ကိစ္စတွေဟာ ကစားသမားရဲ့ တောင်းဆိုမှုတွေကြောင့် ကြန့်ကြာနေရပါတယ်။ Sport သတင်းမှာ ဖော်ပြချက်အရ ဆွာရတ်ဟာ အသင်းသစ်ကို ရောက်ခဲ့ရင်တောင် ဘာစီလိုနာမှာ သူ ရရှိနေတဲ့ တစ်နှစ် ပေါင် ၁၅ သန်း ရရှိသင့်တယ်လို့ ယူဆထားပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းဘက်က ဒီလိုပေးချေလိုခြင်းမရှိဘဲ ဆွာရတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်အသင်းကို ထွက်ခွာခွင့်ပြုကာ ပြောင်းရွှေ့ကြေးအစား ကစားသမားရဲ့ တစ်နှစ်စာ လုပ်အားခကို ဂျူဗင်တပ်စ်အသင်းဘက်က ပေးချေသွားစေလိုနေပါတယ်။  ဒါပေမဲ့ တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်အသင်းက အသက် ၃၃ နှစ်အရွယ်ရှိပြီး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ကစားသမားတစ်ဦးအတွက် ဒီလောက်ငွေပမာဏကို အသုံးပြုဖို့ တွန့်ဆုတ်နေပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဘက်က ရပ်တည်ချက်က ပြောင်းလဲလာပြီး ဂျူဗင်တပ်စ်ဘက်က ဘယ်လိုပုံစံမျိုးနဲ့ ကမ်းလှမ်းသည်ဖြစ်စေ သူတို့ဘက်က မတူညီတဲ့ အနေအထားတစ်ခုနဲ့ ကိုင်တွယ် ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ်နေတယ်လို့သိရပါတယ်။  လက်ရှိအခြေအနေမှာ ဆွာရတ်ဟာ ပြောင်းရွှေ့ကြး များပြားနိုင်သလို ဘာစီလိုနာမှာ ရရှိသလောက် မဟုတ်ရင်တောင် များပြားတဲ့ပမာဏနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်လိုနေပါတယ်။  ဒါ့ကြောင့် ဆွာရတ်ဟာ နောင်တချိန်မှာ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို့ သေချာသလောက်နီးပါး ရှိနေပေမယ့် အခုချိန်မှာတော့ သူ့အပြောင်းအရွှေ့ကိစ္စဟာ စာချုပ်ကိစ္စတွေကြောင့် ကြန့်ကြာမှုတွေရှိနေတာ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဘက်ကလည်း ဆွာရတ်ကို စိတ်ဝင်စားနေပါတယ်။ အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ ဆွာရတ်ရဲ့ကစားပုံကို သဘောကျသူဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အီတလီကို ပြောင်းရွှေ့တာထက်စာရင် စပိန်မြေမှာပဲ ဆက်နေလိုတယ်လို့ သိရပါတယ်။
1 year Ago

December 22, 2017

ကတ်တလန်ခေါင်းဆောင် ပူအိဒမုန် ဘာစီလိုနာသို့ ပြန်လာမည်ဟု ပြော

ကတ်တလန်ရွေးကောက်ပွဲမှာ စပိန်ကနေခွဲထွက်ရေး လိုလားတဲ့ ပါတီတွေက အမတ်နေရာအများစု အနိုင်ရရှိလိုက်အပြီးမှာ ကတ်တလန်ခေါင်းဆောင် ပူအိဒမုန်က ကတ်တလန်ကို ပြန်လာမယ်လို့ ပြောကြားသွားပါတယ်။ သူနဲ့ သူ့အစိုးရအဖွဲ့ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ဘာစီလိုနာမှာရှိတဲ့ ကတ်တလန်အစိုးရရုံးကို ပြန်လာမယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကတ်တလန်ခေါင်းဆောင် ပူအိဒမုန်က ပြောကြားသွားတာပါ။ ရွေးကောက်ပွဲမှာ ကတ်တလန်ခွဲထွက်ရေးလိုလားတဲ့ ပါတီတွေ အမတ်နေရာအများစု အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီး ကတ်တလန်သမ္မတနိုင်ငံက စပိန်အပေါ်အောင်ပွဲ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ ဘရပ်ဆဲလ်မြို့မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပူအိဒမုန်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဖမ်းဆီးထားတဲ့ ကတ်တလန်အစိုးရအဖွဲ့ဝင်တွေကို ချက်ချင်းလွှတ်ပေးဖို့ကိုလည်း ပူအိဒမုန်က တောင်းဆိုခဲ့ပါတယ်။
4 years Ago
Up