ကတ်တလန်

October 17, 2018

စပိန်တွင် ကာတာလိုးနီးယားလွတ်လပ်ရေး လိုလားသူထောင်ချီ ဆန္ဒပြ

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ထောင်နဲ့ချီတဲ့ ကာတာလိုးနီးယားလွတ်လပ်ရေး လိုလားသူတွေ အောက်တိုဘာ ၁၆ ရက်က ဆန္ဒပြကြပါတယ်။ ကာတာလိုးနီးယားပြည်နယ်ရဲ့ အကြီးဆုံး ခွဲထွက်ရေးအဖွဲ့တွေက ခေါင်းဆောင်တွေ ထောင်ချခံရတာ တနှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ ဆန္ဒပြတာ ဖြစ်ပါတယ်။ Omnium Cultural အဖွဲ့ခေါင်းဆောင် ယော်ဒီ ကွေဆာ့တ်နဲ့ Catalan National Assembly (ANC) က ယော်ဒီ ဆန်းချက်ဇ်တို့ဟာ ပုန်ကန်အောင် လှုံ့ဆော်မှုနဲ့ ၂၀၁၇ အောက်တိုဘာ ၁၆ ရက်က အဖမ်းခံခဲ့ရပါတယ်။ သူတို့ဟာ ကာတာလိုးနီးယား လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲအပြီး ပထမဆုံး ထောင်ချခံရတဲ့ ခွဲထွက်ရေး အကြီးတန်းခေါင်းဆောင် ၂ ဦးပါ။ ဆန္ဒပြသူတွေက ကာတာလန် အလံတွေကို လွှင့်ထူ ချီတက်ရင်း ကာတာလန် သမ္မတနိုင်ငံ အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ပါတယ်။ ကာတာလန်ပြည်နယ်ကို စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး အရယူဖို့ မဲရှင်တွေက မဲပေးခဲ့ပေမယ့် မဲပေးပွဲကို သပိတ်မှောက်တဲ့ ခွဲထွက်ရေး မလိုလားသူတွေကြောင့် မဲပေးသူ အရေအတွက်က နည်းခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။ လူထုဆန္ဒခံယူပွဲ ရလဒ်ကို တရားမဝင်ဘူးလို့ စပိန်အစိုးရက ကြေညာခဲ့ပေမယ့် လွတ်လပ်ရေးလိုချင်နေတဲ့ ဒေသတွင်းအခြေအနေ ဆက်တင်းမာနေပါတယ်။
3 years Ago

September 12, 2018

ကတ်တလန်ပြည်နယ်သားများက လုံးဝလွတ်လပ်ရေး တောင်းဆို

စပိန်နိုင်ငံတွင်း ကာတာလိုးနီးယား အမျိုးသားနေ့မှာ ထောင်သောင်းချီတဲ့ ကတ်တလန် ပြည်နယ်သားတွေက လုံးဝလွတ်လပ်ရေးကို တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က ဆင်နွှဲတဲ့ ဒီပွဲကို လွတ်လပ်ရေးလိုလားတဲ့ ကတ်တလန် အမျိုးသားညီလာခံ အရပ်ဘက်အုပ်စုက စီစဉ်ခဲ့ပြီး လူအယောက် ၄ သိန်း ၄ သောင်းက ဒီပွဲမှာ စာရင်းသွင်းခဲ့ပါတယ်။ ၁၇၁၄ ခုနှစ်က စပိန်လက်အောက်ကို ဘာစီလိုနာမြို့ ကျရောက်ခဲ့တဲ့ နှစ်ပတ်လည်အနေနဲ့ ဘာစီလိုနာမြို့လယ်မှာ ဒီပွဲကို ကျင်းပခဲ့တာပါ။ စပိန်လက်အောက်ကနေ ခွဲထွက်ဖို့ ဆက်လက်ထောက်ခံရေး လူတွေ ပိုထွက်လာကြဖို့ ကတ်တလန်ခေါင်းဆောင် ကွင်မ်တော်ရာနဲ့ ပြည်ပြေးခေါင်းဆောင်ဟောင်း ကားလက်စ် ပူအိဒမုန်တို့က တိုက်တွန်းခဲ့ပါတယ်။ ဇူလိုင်လ စစ်တမ်းအရ ကတ်တလန်ပြည်သူ ၄၆ ဒသမ ၇ ရာခိုင်နှုန်းက စပိန်ကနေ ခွဲထွက်ချင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက လွတ်လပ်ရေးအတွက် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့် စပိန်နိုင်ငံအတွင်း အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း ဆိုက်ခဲ့ပါတယ်။
3 years Ago
More News
Up