ကတိပြု

November 12, 2020

ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး ဆက်လုပ်မည်ဟု ဂျိုးဘိုင်ဒင် ကတိပြု

တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းနဲ့ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံ ဂျိုးဘိုင်ဒင်တို့ နိုဝင်ဘာ ၁၂ ရက်က တယ်လီဖုန်းနဲ့ပြောဆို ဆွေးနွေးကြရာမှာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ၂ နိုင်ငံကြား မဟာမိတ်ပြုရေး ကတိတွေကို ထပ်လောင်း အတည်ပြုခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတ အိမ်ပြာတော်က ပြောလိုက်ပါတယ်။  အမေရိကန်ဟာ တောင်ကိုရီးယားအတွက် ကာကွယ်ရေး ကတိတွေကို ခိုင်ခိုင်မြဲမြဲ ဆက် ထိန်းသိမ်းသွားမယ်၊ မြောက်ကိုရီးယားနျူကလီးယားကိစ္စကို ဖြေရှင်းဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မယ်လို့ ဘိုင်ဒင်က ပြောခဲ့ကြောင်း မွန်းရဲ့ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဘိုင်ဒင်ရွေးကောက်ပွဲနိုင်အပြီး ပထမဆုံး စကားဝိုင်းမှာ မွန်းက သူဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအပါအဝင် ကမ္ဘာ့အဆင့် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖို့ တက်လာမယ့် အမေရိကန် အစိုးရနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမယ်လို့ မွန်းက ပြောခဲ့ပါတယ်။  ၂၀၁၈ သမိုင်းဝင် ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းတို့ဟာ မြောက်ကိုရီးယားကို နျူလက်နက် ဖြုတ်သိမ်းရေးအတူ လုပ်ဆောင်ဖို့ ကတိပြုထားတာပါ။  ဒါပေမယ့် ဒုတိယအစည်းအဝေးနဲ့ အလုပ်သဘော ဆွေးနွေးပွဲတွေ မနှစ်က ပျက်သွားခဲ့တာ ကြောင့် တိုးတက်မှု နည်းနည်းပဲ ရှိခဲ့ပါတယ်။
11 months Ago

September 13, 2020

ကိုရိုနာကပ်ဘေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံနိုင်ငံများ ကတိပြု

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဟာ စက်တင်ဘာ ၁၂ ရက်မှာ ပြီးဆုံးခဲ့ပြီး ကိုရိုနာကပ်ဘေး ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တောင်တရုတ် ပင်လယ်အငြင်းပွားမှုကို ဆွေးနွေးမှုတိုးလုပ်ရင်း ဖြေရှင်းရေး ကတိပြုခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ ရေလမ်းကြောင်း အများစုကို သမိုင်းကြောင်းအရ အချုပ်အခြာ ပိုင်ခဲ့တယ်လို့ တရုတ်က ပြောကြားခဲ့ပေမယ့် အိမ်နီးချင်းနိုင်ငံတွေ နဲ့အမေရိကန်ကတော့ ၁၉၈၂ ခုနှစ်မှာ တရုတ်ပါဝင်လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂပင်လယ်ပြင် ဥပဒေသဘော တူညီချက် UNCLOS မှာ ပါတဲ့ နိုင်ငံတကာဥပဒေအခြေခံနဲ့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ UNCLOS ပါဝင်တဲ့ နိုင်ငံတကာဥပဒေနဲ့ တသမတ်တည်းဖြစ်တဲ့ တောင်တရုတ် ကျင့်ဝတ်စည်းမျဉ်း မူကြမ်းရေးဖို့ ညှိနှိုင်းရာမှာ တိုးတက်မှု ရှိတယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက  စက်တင်ဘာ ၁၀ ရက်က ပြောခဲ့ကြပါတယ်။  လေးရက်ကြာ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တဲ့ တခြားကိစ္စရပ်တွေကို အနှစ်ချုပ် ပြန်လုပ်တဲ့ အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက  ဒီဇင်ဘာ ၃၁ ရက်နေ့ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် ဗြိတိန်နဲ့ ပိုနီးကပ်တဲ့ ကုန်သွယ်ရေး ဆက်ဆံဖို့ အာဆီယံက ချင့်တွက်နေကြောင်း ပြောပါတယ်။  စက်တင်ဘာ ၉ ရက်က စတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သြဇာ လွှမ်းရေး အားပြိုင်နေတဲ့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှု ဖြေလျှော့ဖို့ ကြိုးစားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ရာမှာ ညှိနှိုင်းဖြေရှင်းဖို့ မျှော်လင့်ထားပါတယ်။  နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးဖိုရမ်မှာ ရုရှား၊ ဂျပန်၊ သြစတြေးလျ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း အွန်လိုင်းကနေ ညီလာခံကို ပူးပေါင်‌ေတက်ရောက်ခဲ့ပါတယ်။  အာဆီယံနိုင်ငံတွေထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ပါတယ်။
1 year Ago
Up