ကညွှတ်ကွင်းမြို့

May 30, 2021

ကညွှတ်ကွင်းမြို့တွင် ဗုံးပေါက်ကွဲ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မေလ ၂၉ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ကညွှတ်ကွင်းမြို့ ကွင်းရှေ့ ၁ ရပ်ကွက်ရှိ မြို့မစာသင်ကျောင်းအနီး ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကညွှတ်ကွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လူနေအိမ်တစ်အိမ်မှာ  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို မီးရထားလမ်းမှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ခဲ့လို့ စာပို့ရထား လမ်းချော်သွားခဲ့ပါတယ်။

6 months Ago

May 9, 2021

ကညွှတ်ကွင်းမြို့ တွင် အသံဗုံးပေါက်ကွဲ

ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကျွန်းတော (၂) လမ်းက နေအိမ်ခြံဝင်းနားမှာ မေ ၈ ရက် ည ၁၁ နာရီခွဲလောက်က အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုမဖြစ်ခင် မြို့တွင်း ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့တာကြောင့်  အခုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောနေပါတယ်။

ဗုံးပေါက်ချိန်ဟာ ပြည်သူတွေ လမ်းပေါ် သွားလာရဲတဲ့အချိန် မဟုတ်သလို ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတချို့ဟာ ပေါက်ကွဲတဲ့လမ်းဘက်ကနေ ထွက်လာတာကို တွေ့ရှိသူတွေလည်း ရှိခဲ့ပါတယ်။

ဗုံးပေါက်ရာ နေရာရောက်လာတဲ့ ရဲတချို့ဟာ အဲဒီနေရာက တွေ့ရတဲ့ ပစ္စည်းတွေဟုဆိုကာ လက်ဖက်ရည်ဆိုင်နဲ့ ရင်းနှီးသူတွေကို ပြသပြီး ဝါဒဖြန့်နေတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာတော့ အခုကိစ္စကို အကြောင်းပြုပြီး နေအိမ်တွေကို ရှာဖွေတာ ဖမ်းဆီးတာတွေလည်း လုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်နေရပါတယ်။

7 months Ago
Up