ကညွှတ်ကွင်း

A d v e r t i s e m e n t With Us

April 26, 2020

ကညွှတ်ကွင်း Quarantine Center နေသူများကို ဝါသနာရှင်လူငယ်များ သီဆိုဖျော်ဖြေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကွင်းနောက် (၁) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Quarantine Center မှာ နေသူတွေ စိတ်ဓာတ်ခွန်အား မြင့်မားစေဖို့ ရည်ရွယ်ပြီး မြို့ပေါ်ရှိ ဝါသနာရှင်လူငယ်လေးတွေက ဧပြီ ၂၅ ရက်နေ့ညပိုင်းမှာ သီချင်းဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဝါသနာရှင် ၇ ဦးက ဖျော်ဖြေခဲ့တာဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် Quarantine Center အားလုံးမှာတော့ မဖျော်ဖြေနိုင်ခဲ့ဘူးလို့ ဦးဆောင်သူတဦးက ပြောပါတယ်။ “ရက်ပေါင်း ၂၁ ရက်ဆိုတဲ့ အချိန်က မနည်းဘူးလေ။ အဲဒီအချိန်မှာ သူတို့တွေ စိတ်ဓာတ်ခွန်အားတွေ ရှိနေဖို့အတွက် ရည်ရွယ်တယ်။ ငွေကြေးအခက်အခဲကြောင့် တတ်နိုင်သလောက်လေး လုပ်ရတာပါ။” မနေ့ည ၈  နာရီအချိန်လောက်က စတင်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို သီဆိုဖျော်ဖြေပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖြူးမြို့နယ်အတွင်း Quarantine Center ၇ ခုမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၂၂ ဦးသာ ရှိတော့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ကျော်အောင်(ကညွှတ်ကွင်း)
10 months Ago

April 13, 2020

ကညွှတ်ကွင်းမြို့ပေါ် စားသောက်ဆိုင်အချို့ COVID-19 တားမြစ်မိန့်များ မလိုက်နာ

ပဲခူးတိုင်း၊ ကညွှတ်ကွင်းမြို့က စားသောက်ဆိုင်တွေကို COVID-19 ကာကွယ်ဖို့အတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ မလိုက်နာကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကညွတ်ကွင်းမြို့နေ ဦးဝင်းမြင့်က ဆိုင်တွေမှာထိုင်ပြီး စားသောက်တာတွေ မလုပ်ဖို့နဲ့ ပါဆယ်စနစ်နဲ့သာ ရောင်းဖို့ ကြော်ငြာတာတွေ လုပ်နေပေမဲ့ ဆိုငိရှင်တွေက လိုက်နာမှုမရှိဘူး၊ ဆိုင်မှာ ထိုင်နေတာတွေ တွေ့နေရတယ်။ ဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ် လို့ ပြောပါတယ်။ ကညွှတ်ကွင်းမြို့တွင်းရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဌာနဆိုင်ရာက လိုက်လံစစ်ဆေးရာမှာ စည်းကမ်းဖောက်ဖျက်တဲ့ဆိုင်တွေ တွေ့ရှိတာကြောင့် ပထမအကြိမ် သတိပေးထားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူမယ်လို့ ကညွှတ်ကွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ကညွှတ်ကွင်းမြို့ပေါ်မှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၃၀ လောက်နဲ့ ကွမ်းယာဆိုင်က ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။ ကျော်အောင်(ကညွှတ်ကွင်း)
11 months Ago
Up