ကဆုန်ညောင်ရေသွန်းပွဲတော်

May 19, 2019

ရွှေဘို ကဆုန်ညောင်ရေသွန်းပွဲတော် လူ ၁ သောင်းကျော် လာရောက်

စစ်​ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့မှာ နှစ်​စဉ်​ကျင်းပလာခဲ့တဲ့ ​ညောင်​​ရေသွန်းပွဲ​တော်​မှာ ကဆုန်​လပြည့်နေ့မှာ မြို့ခံလူထု ၁ သောင်း​ကျော်​ စု​ပေါင်း​ညောင်​​ရေသွန်း​လောင်းခဲ့ကြပါတယ်​။ ​ရွှေဘိုမြို့​ပေါ်မှာ ရပ်​ကွက်​​ပေါင်း ၁၀ ရပ်​ကွက်​ရှိပြီး တရပ်​ကွက်​ခြင်းဆီအလိုက်​ ရပ်​ကွက်​အုပ်​ချုပ်​​ရေးအဖွဲ့အစည်းတွေနဲ့ လူမှု​ရေးအဖွဲ့အစည်းတွေက ဦး​ဆောင်​ကျင်းပကြတာပါ။ ​ရွှေဘိုမြို့မှာ အခြား​ဒေသတွေနဲ့မတူဘဲ ကဆုန်​လဆန်း ၁၃ ရက်​​နေ့က ​မြို့ရဲ့​တောင်းဘက်​ပိုင်းမှာတည်​ရှိတဲ့ ​ရွှေတန်​ဆာဘုရား ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကို ​မြောက်​တံခါးမှာရှိတဲ့​ မော်​​ဓောမြင်​သာမြို့​ဒေါင့် ​စေတီ​တော်​မြတ်​ဆီကို ကရဝိတ်​ ​ဝေါယာဉ်​နဲ့ ရပ်​ကွက်​​တွေ အလှည့်ကျထမ်းပြီး ပင့်​ဆောင်​ကြတာပါတယ်။ ရွှေတန်​ဆာဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကို မြို့​ဒေါင့်စေတီ​တော်​​ပေါ်မှာ တ​ညအိပ်​ကိန်းဝပ် ​စံ​ပယ်​​အပူ​ဇော်​ခံထားပြီး ကဆုန်​လပြည့်နေ့မနက်​ပိုင်းမှာ ဖူး​မြော်​ကြည်​ညိုလာ​ရောက်​သူ​တွေကို စတုဒီသာ အ​ကျွေးအ​မွေးတွေနဲ ဧည့်​ခံ​ကျွေး​မွေးခဲ့ကြပါတယ်။ လပြည့်​​နေ့ ည​နေပိုင်းမှာ ကိန်းဝပ်​စံပါယ်​​နေတဲ့ ရုပ်​ပွား​တော်​မြတ်​ကို သက်​ဆိုင်​ရာ ရပ်​ကွက်​အမျိုးသားတွေက ​ဝေါယာဉ်​နဲ့ အလှည့်ကျြပန်​လည်​ပင့်​ဆောင်​ကြရာ မြို့တွင်းလမ်းတ​လျောက်​က ဖူး​မြော်​ ​ရေသပ္ပါယ်​ကြပြီး စတုဒီသာများလည်း လမ်းတလျှောက်​​ ကျွေး​မွေးဧည့်ခံကြပါတယ်​။ ကဆုန်​​ညောင်​​ရေသွန်းပွဲ​တော်​ကို နှစ်​စဉ်​ကျင်းပလာခဲ့တာ နှစ်​​ပေါင်းတရာ​ကျော်​ခဲ့​ပြီ ဖြစ်ပြီး အခုနှစ်မှာ စစ်​ကိုင်းတိုင်းဝန်​ကြီးချုပ်​​ဒေါက်​တာမြင့်နိုင်လည်း​ မြို့သူမြို့သားတွေနဲ့အတူ တက်​​ရောက်​ ​ညောင်​​ရေသွန်းခဲ့ပါတယ်​။ ​အောင်​စံလင်း
2 years Ago

April 29, 2018

သမိုင်းဝင် ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

  အမရပူမြို့နယ်မှာ သမိုင်းဝင် ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဒီနေ့ ကျင်းပခဲ့ပြီး ရှေးရိုးစဉ်မပျက် ပုဂံဝင်း၊ ရတနာပုံဝင်း၊ ရှေ့ဝင်းနောက်ဝင်းတွေနဲ့ လှည့်လည်ပူဇော်ခံနေပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကျေးရွာ ၁၅ ရွာက စည်းစည်းလုံးလုံးနဲ့ သမိုင်းဝင် ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းပွဲတော်ကို ရှေးရိုးစဉ်မပျက် ပုဂံဝင်း ရတနာပုံဝင်း ရှေ့ဝင်းနောက်ဝင်းတွေနဲ့ ခင်းကျင်းပြီး လှည့်လည်ခဲ့တာပါ။ ရှေးယခင် ဘိုးဘွားမိဘတွေ အဆက်ဆက်က ဘုရားရှင်အမှီပြုပြီး ပွင့်ထွန်းပေါ်ပေါက်ရာ မဟာဗောဓိညောင်ပင်ကို ရည်စူးပြီး ဂိမ္မာန်တ နွေရာသီရဲ့ ပူပြင်းမှုဘေးဒဏ်မှကာကွယ်ဖို့ အေးမြသောရေချမ်းများနဲ့ ညောင်ရေသွန်းလောင်လှူပူဇော်ခဲ့ကြပါတယ်။ နှစ်ပေါင်းရာချီရှိနေတဲ့ သမိုင်းဝင် ရွှေကြက်ယက် ရွှေကြက်ကျ ဆုတောင်းပြည့်ဘုရားစေတီတော်ကို ကဆုန်လဆန်း ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်စဉ်စည်ကားသိုက်မြိုက်စွာနဲ့ မဲကျရာ အမှတ်စဉ် ၁ ကနေ ဦးဆောင်ပြီး မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပလေ့ရှိပါတယ်။ ကဆုန်လပြည့်နေ့ မဟာဗောဓိပင်ညောင်ရေသွန်းလောင်းလှူပွဲတွေကို မန္တလေးမြို့ တန်ခိုးကြီးဘုရားတွေမှာလည်း ကျင်းပနေကြပါတယ်။ သမိုင်းဝင် ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ ၀န်ကြီးတွေအပါအ၀င် ကျေးရွာ ၁၅ ရွာက ပြည်သူတွေ ဆင်နွှဲခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ-အောင်အောင်
3 years Ago
Up