ကစားသမား ၈ ဦး

August 20, 2020

အသင်း၏အနာဂတ်အစီအစဉ်တွင် ကစားသမား ၈ ဦးသာပါဟု ဘာစီလိုနာဥက္ကဋ္ဌပြော

ဘာစီလိုနာကစားသမား ၈ ဦးသာ အသင်းရဲ့ အနာဂတ်အစီအစဉ်မှာပါဝင်ကြောင်း အသင်း ဥက္ကဋ္ဌ ဘာတိုမြူက ပြောလိုက်ပါတယ်။  ၂၀၀၇-၂၀၀၈ ဘောလုံးရာသီနောက်ပိုင်း ဖလားလက်မဲ့ရာသီနဲ့ကြုံတွေ့ခဲ့ရတဲ့ ဘာစီလိုနာ အသင်းဟာ နည်းပြရာထူးနဲ့ အားကစားဒါရိုက်တာ ရာထူးတွေကို အပြောင်းအလဲလုပ်ခဲ့ပြီး ဖြစ်ပါတယ်။  ဒါ့အပြင် ကစားသမားစာရင်းကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ကစားသမား ၈ ဦးလောက်ကိုပဲ ဆက်ထိန်းသွားမယ်လို့ ဥက္ကဋ္ဌ ဘာတိုမြူက ပြောပါတယ်။  အသင်းခေါင်းဆောင် မက်ဆီ၊ ဂိုးသမား စတီဂျန်၊ နောက်ခံလူ စလီမန့်နဲ့ ဆီမီဒို၊ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်၊ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂရစ်မန်း၊ ဒမ်ဘီလီနဲ့ အန်းဆုဖက်တီတို့သာ အသင်းရဲ့ အနာဂတ်မှာ ဆက်ပြီး ထည့်သွင်းထားကြောင်း ဘာတိုမြူက ပြောပါတယ်။  ဒါကြောင့် တခြားနာမည်ကြီး ကစားသမားဖြစ်တဲ့ ဆွာရက်ဇ်၊ ဗီဒယ်၊ ရာကီတစ်၊ ဘူးစကွက်၊ ယော်ဒီအယ်ဘာ၊ ပီကေး အစရှိတဲ့ကစားသမားတွေကို ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါ တယ်။  
9 months Ago

March 29, 2020

၀က်စ်ဟမ်းကစားသမား ၈ ဦးခန့် ကိုရိုနာဗိုင်းရပ်စ်သံသယရှိနေဟု အသင်းဒုဥက္ကဋ္ဌပြော

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းကစားသမား ၈ ဦးလောက်က ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့် ခွဲခြားနေထိုင်နေရတယ်လို့ အသင်းဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လဆန်းမှာကျင်းပဖို့ စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာ ကူးစက်မှုနှုန်း မြင့်မားနေတဲ့ အခြေအနေကြောင့် ဇူလိုင်လလောက်မှ စတင်နိုင်ဖို့ရှိနေတာပါ။  အသင်းရဲ့ ကစားသမား ၈ ဦးလောက်က ဗိုင်းရပ်စ်သံသယရှိတာကြောင့် ဧပြီလ ၁၃ ရက်လောက်အထိ ခွဲခြားနေထိုင်ရမှာဖြစ်ပြီး လေ့ကျင့်ရေးဆင်းဖို့ အခက်အခဲရှိနေတယ်လို့ ဝက်စ်ဟမ်းဒုတိယဥက္ကဋ္ဌ  ဘရက်ဒီက ပြောပါတယ်။  ဘရက်ဒီဟာ ပြီးခဲ့တဲ့ တပတ်ကလည်း အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်သင့်ကြောင်း ပြောဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ လက်ကျန်ပွဲစဉ် ၉ ပွဲအလို အဆင့် ၁၆ နေရာမှာ ရပ်တည်နေလို့ တန်းဆင်းဇုန်ဖိအားလည်း ရှိနေတာ ဖြစ်ပါတယ်။
1 year Ago
Up