ကစားသမားဟောင်း

June 2, 2019

အာဆင်နယ် ကစားသမားဟောင်း ရီရက်စ်အတွက် အသင်းဖော်များ၏ ဝမ်းနည်းစကား

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့တဲ့ အာဆင်နယ်အသင်း ကစားသမားဟောင်း ရေးယက်စ်အတွက် အသင်းဖော်ဟောင်းတွေကတော့ ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်သာ ရှိသေးတဲ့ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရီရက်စ်ဟာ စပိန်နိုင်ငံဆီဗီလာမြို့က ယူထရီယာပြည်နယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးပါးသွားတာလည်း ဖြစ်ပါတယ်။ ရီရက်စ်ဟာ အံ့အားသင့်ဖွယ် ကစားသမားဖြစ်ပြီး ထူးခြားတဲ့ လူသားတဦးဖြစ်တယ်လို့ အာဆင်နယ်ဂန္တဝင် သီဟာရီအွန်နရီက ပြောကြားခဲ့ပြီး ဖာဘရီဂတ်စ်ကတော့ ရီရက်စ်ဟာ အမြဲတမ်းပြုံးနေသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာနေတတ်သူလို့ ဆိုပါတယ်။ နည်းပြကြီး အာဆင်ဝင်းဂါးကတော့ ယူကျုံးမရဖြစ်ခဲ့ရတဲ့ သတင်းလို့ ပြောကြားထားခဲ့သလို အာဆင်နယ်ပရိသတ်တွေကလည်း ရင်ထဲအသဲထဲမှာ ထာဝရရှိနေမယ့် ကစားသမားဖြစ်ကြောင်း ရေးသားခဲ့ကြပါတယ်။ ရီရက်စ်သေဆုံးမှုဟာ ဘောလုံးလောက အသိုက်အ၀န်းတခုလုံးအတွက် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ဖြစ်ခဲ့တာကြောင့် တခြားဘောလုံးကစားမားတွေ၊ နည်းပြတွေကလည်း သူတို့ရဲ့ဝမ်းနည်းမှုတွေကို အသီးသီးဖော်ပြခဲ့ကြပါတယ်။ ရီရက်စ်ဟာ အာဆင်နယ်အသင်းနဲ့အတူ ရှုံးပွဲမရှိအောင်ကစားပြီး ၂၀၀၄ ခုနှစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဆီဗီလာအသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား ရရှိထားသူဖြစ်ပါတယ်။
2 years Ago

အာဆင်နယ် ကစားသမားဟောင်း ရီရက်စ် ယာဉ်မတော်တဆမှုကြောင့် သေဆုံး

အာဆင်နယ် ကစားသမားဟောင်း တိုက်စစ်မှူး ဂျိုဆေ အန်တိုနီယို ရီရက်စ်ဟာ ဇွန် ၁ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားပါတယ်။ အသက် ၃၅ နှစ်အရွယ် ရီရက်စ် ယာဉ်မတော်တဆမှုနဲ့ သေဆုံးသွားတာကို စပိန်လာလီဂါကလပ် ဆီဗီလာက တွစ်တာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်သာ ရှိသေးတဲ့ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရီရက်စ်ဟာ စပိန်နိုင်ငံဆီဗီလာမြို့က ယူထရီယာပြည်နယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးပါးသွားတာလည်း ဖြစ်ပါတယ်။ စပိန် ကစားသမား ရီရက်စ်ဟာ လာလီဂါကနေ ၂၀၀၄ မှာ အာဆင်နယ်ကို ရောက်ရှိလာပြီး အဲဒီနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၆၊ ၂၀၀၇ ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ ရောက်ရှိပြီး စပိန်လာလီဂါဆုကို ရယူခဲ့ပါတယ်။ အဲဒီနောက် ရီရက်စ်ဟာ ယူရိုပါလိဂ်ဖလားကို အက်သလက်တီကို မက်ဒရစ်မှာ ၂ ကြိမ်၊ ဆီဗီလာမှာ ၃ ကြိမ် အသီးသီး ရရှိထားပါတယ်။ တိုက်စစ်မှူး ရီရက်စ်ဟာ လက်ရှိမှာ စပိန်ဒုတိယတန်းကလပ်တခုမှာ ကစားနေတုန်းမှာ ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တာပါ။
2 years Ago

March 16, 2019

ရီးရဲလ်ကစားသမားဟောင်း ကန်နာဗာရိုကို တရုတ်အသင်းနည်းပြအဖြစ် ခန့်အပ်

တရုတ်လက်ရွေးစင် ဘောလုံးအသင်းက နည်းပြသစ်အဖြစ် အီတလီ ဘောလုံးသမားဟောင်း ဖာဘီယို ကန်နာဘာရိုကို ခန့်အပ်လိုက်ပါတယ်။ တရုတ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အာရှဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရအပြီးမှာ နည်းပြ မာဆယ်လို လစ်ပီလည်း အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ ဒါကြောင့် တရုတ်အသင်းက နည်းပြ မာဆယ်လို လစ်ပီရဲ့ နေရာမှာ အစားထိုး လိုက်တာပါ။ အသက် ၄၅ နှစ်အရွယ် နောက်တန်းသမား ကန်နာဗာရိုဟာ အီတလီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဖြစ်ပြီး ပါးမား၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်တို့မှာ ကစားခဲ့ပါတယ်။ တရုတ်နည်းပြသစ် ကန်နာဗာရိုဟာ ပထမပွဲစဉ်အဖြစ် မတ်လ ၂၁ ရက်နေ့ ထိုင်းအသင်းနဲ့ ကစားမယ့် တရုတ်ဖလားပွဲစဉ်ကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up