ကစားသမားအားလုံး

August 17, 2020

မက်ဆီနှင့် ကစားသမားအချို့ကလွဲပြီး ကစားသမားအားလုံးကို ရောင်းချရန် ဘာစီလိုနာ ပြင်ဆင်

ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့ ကစားသမားတချို့ကလွဲပြီး ကျန်ကစားသမားတွေကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး - ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ အသင်းရဲ့ ကစားသမားစာရင်းကို အကြီးစား ပြုပြင်ပြောင်းလဲသွားဖို့ ဘာစီလိုနာက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် မက်ဆီ၊ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်၊ လူငယ်တိုက်စစ်မှူး အန်းဆုဖက်တီနဲ့ ဂိုးသမား စတီဂျန်တို့ကလွဲပြီး တခြားကစားသမားတွေအားလုံးကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း စပိန်နာမည်ကြီးသတင်းစာ မန်ဒိုဒီပို့တီဗိုက ရေးသားဖော်ပြခဲ့ပါတယ်။  အသက် ၃၃ နှစ်ရှိလာတဲ့ တိုက်စစ်မှူးဆွာရက်ဇ်၊ ဂရစ်မန်းဇ်နဲ့ တောင်ပံကစားသမား ဒမ်ဘီလီတို့လိုနာမည်ကြီးကစားသမားတွေကိုပါ ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ရာကီတစ်၊ အမ်တီတီ၊ ဒမ်ဘီလီ၊ ပီကေး အစရှိသူတွေလည်း ရောင်းချမယ့် စာရင်းမှာ ပါတယ်လို့ သိရပါတယ်။
10 months Ago

March 27, 2020

ဘာစီလိုနာ ကစားသမားအားလုံးကို လစာဖြတ်တောက်မည်

စပိန်ဘောလုံးကလပ် ဘာစီလိုနာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှုတွေ ဖြစ်ရတာကို လျှော့ချနိုင်ဖို့ ကစားသမားတွေရဲ့လစာကို ဖြတ်တောက်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ မတ် ၂၇ ရက် နေ့ ရိုက်တာသတင်းမှာ  ဖော်ပြထားပါတယ်။  စပိန်လာလီဂါကလပ်က ထုတ်ပြန်တဲ့အထဲမှာ ကလပ်ရဲ့ တန်ဖိုးအကြီးဆုံး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ခြောက်ကြိမ်ရ မက်ဆီအပါအဝင် ကစားသမားအားလုံး၊ ကစားသမား မဟုတ်တဲ့ ဝန်ထမ်းတွေ အားလုံးကို အခုလို နိုင်ငံကိုပိတ်ထားတဲ့ကာလမှာ မဖြစ်မနေ လစာဖြတ်တောက် လျှော့ချမှုတွေကို  ရင်ဆိုင်ရမယ်လို့ ဖော်ပြထားပါတယ်။   ဒီဆုံးဖြတ်ချက်ကို ကလပ်ရဲ့ ဒါရိုက်တာတွေအားလုံးက ဗွီဒီယိုကွန်ဖရင့်တခု ကျင်းပပြီး ဆုံးဖြတ်ခဲ့တာပါ။  စပိန်ဟာ ဥရောပမှာ အီတလီပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အခံရဆုံးနိုင်ငံဖြစ်ပြီး၊ သေဆုံးသူဦးရေမှာလည်း တရုတ်ပြည်ကို ကျော်လွန်ပြီး လူ ၄၃၀၀ ကျော်သေ ဆုံးပြီးဖြစ်ပါတယ်။ လက်ရှိမှာ စာရင်းအရ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ဦးရေကလည်း ၅၇၀၀၀ ကျော် ရှိနေပါတယ်။  ဘာစီလိုနာဟာ လစာတွေ ဖြတ်တောက်လျှော့ချရေးအပြင် ကလပ်အသင်းနဲ့ အသင်းပိုင် အဆောက်အအုံနေရာတွေကိုလည်း ကာတာလန်အစိုးရကျန်းမာရေးဌာနက အသုံးပြုနိုင်ဖို့ ခွင့်ပြုပေးထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up