အင်တာမီလန်နည်းပြသစ် ကွန်တီဟာ အသင်းရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ အီကာဒီ၊ နိုင်ဂိုလန်တို့လို ကစားသမားတွေကို ရောင်းထုတ်ပြီး ကစားသစ်တွေ ခေါ်ယူမယ်လို့ သိရပါတယ်။
ဘောလုံးဇာတ်ခုံပေါ်ကို အင်တာမီလန်အသင်း တကျော့ပြန်တက်လှမ်းနိုင်ဖို့အတွက် အသင်းကို ပြန်လည်ဆောက်ဖို့ရှိနေတာကြောင့် နည်းပြစိတ်ကြိုက်ကစားသမားတွေကို ခေါ်ယူပေးဖို့ အသင်းပိုင်ရှင်ဘက်ကလည်း သဘောတူထားပါတယ်။
ကွန်တီကတော့ ချဲလ်ဆီးအသင်းကို နည်းပြခဲ့စဉ်က ဒီယေဂိုကော်စတာကို ခေါ်ယူခဲ့မိတဲ့ အမှားမျိုး နောက်ထပ်ကျူးလွန်မှာမဟုတ်ကြောင်းလည်း ပြောကြားထားပါတယ်။
နည်းပြဟောင်း စပယ်လက်တီနဲ့ကတည်းက အဆင်မပြေဖြစ်ခဲ့တဲ့ အီကာဒီကိုလည်း သဘောမကျတဲ့ ပုံစံဖြစ်ပြီး ပြောင်းရွှေ့ကြေး တရပ်ရရှိပါက ချက်ချင်းရောင်းထုတ်မယ့် သဘောမှာ ရှိနေပါတယ်။
ကွန်တီခေါ်ယူချင်တဲ့ ကစားသမားစာရင်းကတော့ ဂျူဗင်တပ်စ်မှာ လက်တွဲခဲ့ဖူးတဲ့ လက်ရှိ ဘာစီလိုနာကွင်းလယ်လူ အာတူရိုဗီဒယ်နဲ့ ယူနိုက်တက်က လူကာကူတို့် ပါဝင်နေပါတယ်။
လူကာကူအတွက် ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲရနိုင်တာကြောင့် ယူနိုက်တက်ကို ရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ အိုင်ဗန် ပယ်ရီဆစ်ကို အလိုက်ပေးသွားမယ့်သဘော ရှိနေပါတယ်။
2 years Ago