ကစားသမားလစာ

April 30, 2019

ကစားသမားများ ရောင်းထုတ်ဖြစ်ပါက မန်ယူ လုပ်ခ ပေါင်သန်း ၈၀ ကျော် သက်သာနိုင်

မန်ယူအသင်းအ​​​နေနဲ့ လာမယ့် အ​ပြောင်းအ​ရွှေ့မှာ ကစားသမားတွေ ရောင်းထုတ်​ဖြစ်ခဲ့ရင် လုပ်​ခလစာ ပေါင် ၈၁ သန်းလောက် အကုန်အကျ သက်သာလာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ရောင်းချဖို့ရှိ​နေတဲ့ ကစားသမားတွေထဲမှာ ဆန်းချက်ဇ်၊ ပေါ့ဂ်ဘာ၊ လူကာကူ၊ မာတာ၊ ဟာရဲယား၊ ဗလင်စီယာ စတဲ့ ကစားသမားတွေ ပါဝင်နေပြီး အဲဒီကစားသမားတွေကို ရောင်းချလိုက်မယ်ဆိုရင် ​ပြောင်း​ရွှေ့ကြေး ထည့်​မတွက်​ရင်​​တောင်​ လစာပေးချေမှုမှာ ပေါင် ၈၂ သန်းလောက် အကုန်အကျ သက်သာသွားနိုင်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ရေးသားခဲ့ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း အသင်းမှာ လိမ်လည်လှည့်ဖျားနေတဲ့ ကစားသမားတွေ အများအပြားရှိတယ်လို့ ဝေဖန်ခဲ့ပြီး အဲဒီကစားသမားတွေကို ရောင်းထုတ်သွားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် နာမည်အတိအကျကိုတော့ ရွိုင်ကိန်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ သေချာပေါက် ရောင်းချမယ့် ကစားသမားတွေက ဟာရဲယား၊ ဗလင်စီယာ၊ ဒါမီယန်၊ အဲရစ်ဘိုင်ယီ၊ မာတာတို့ဖြစ်ပြီး ရောင်းချဖို့ရှိနေတဲ့ ကစားသမားတွေကတော့ ပေါ့ဂ်ဘာ၊ ဒီဂီယာ၊ လူကာကူနဲ့ ဆန်းချက်ဇ်တို့ ဖြစ်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ ကစားသမားတဦးချင်းအ​နေနဲ့ ပေါ့ဂ်ဘာကို ရောင်းချလိုက်မယ်ဆိုရင် တနှစ်ကို ပေါင် ၁၅ ဒသမ ၀၈ သန်း လုပ်​ခလစာ အကုန်အကျ သက်သာမှာဖြစ်ပြီး ဆန်းချက်ဇ်ကို ရောင်းချမယ်ဆိုရင်တော့ တနှစ်ကို ပေါင် ၂၀ ဒသမ ၅၄ သန်းအထိ အကုန်အကျ သက်သာမှာဖြစ်ပါတယ်။ ဒီဂီယာကို ရောင်းချမယ်ဆိုရင်တော့ ပေါင် ၁၁ သန်း၊ လူကာကူကို ရောင်းမယ်ဆိုရင် ပေါင် ၁၀ ဒသမ ၄ သန်း အကုန်အကျ သက်သာလာမှာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ကစားသမားတွေကို ရောင်းချလိုက်မယ်ဆိုရင် ဘဏ္ဍာရေးပိုင်းမှာ အသက်ရှူချောင်သွားမှာဖြစ်သလို အသုံးဝင်မယ့် ကစားသမားတွေကို ခေါ်ယူရာမှာလည်း ပိုမိုအကျိုးရှိလာမှာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းစာက သုံးသပ်ရေးသားပါတယ်။
2 years Ago
Up