ကစားသမားဘဝက အနားယူ

November 17, 2020

အာဂျင်တီးနားကွင်းလယ်လူ  မာရှေယာနို ကစားသမားဘဝက အနားယူ

အာဂျင်းတီးနား ကွင်းလယ်လူ မာရှေယာနိုဟာ ကစားသမားဘဝကနေ အနားယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဝက်စ်ဟမ်း၊ လီဗာပူးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း မာရှေယာနိုဟာ ဘာစီလိုနာအသင်းနဲ့ အတူအမြင့်ဆုံး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူပါ။  ဘာစီလိုနာမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်အပါအဝင် လာလီဂါ ဖလား ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။  မာရှယ်ယာနိုဟာ ရေးဗားပလိတ်အသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီး ဝက်စ်ဟမ်း၊ လီဗာပူး၊ ဘာစီလိုနာနဲ့ တရုတ်ကလပ် ဟူဘေးချိုင်းနားဖော်ကျွန်းအသင်းတွေမှာ ကစားခဲ့ပါတယ်။  အခုနှစ်ရာသီအထိ အာဂျင်တီးနားကလပ် အက်စီတူဒီယာတက်စ်အသင်းမှာ နောက်ဆုံး ကစားခဲ့ပြီး အာဂျင်တီးနော့စ် ဂျူနီယာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ယာနိုဟာ အာဂျင်တီးနားအတွက် ၁၄၇ ပွဲ ကစားခဲ့ပြီး ကမ္ဘာ့ဖလား ၄ ကြိမ် ပါဝင်ကစားခဲ့သလို အိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ပါတယ်။
5 months Ago
Up