ကစားသမားကောင်း

A d v e r t i s e m e n t With Us

April 22, 2020

မော်ရင်ဟိုကြောင့် ကစားသမားကောင်းဖြစ်လာဟု ရက်ရှ်ဖို့ဒ်ပြော

မော်ရင်ဟိုလက်ထက်မှာ ခက်ခဲမှုတွေရှိခဲ့ပေမယ့် ကစားသမားကောင်းတဦး ဖြစ်လာဖို့ သင်ခန်းစာတွေ ရခဲ့တယ်လို့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ပြောပါတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုဟာ အသင်းကို ၂၀၁၆ ခုနှစ် နွေရာသီကနေစပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ကိုင်တွယ်ခဲ့တာပါ။ မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်နဲ့ လိဂ်ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။  မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီကာလအတွင်းမှာ ခက်ခဲမှုတွေ ရှိခဲ့ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာမှာရော ခြေစွမ်းအရပါ အတွေ့အကြုံနဲ့ သင်ခန်းစာတွေရခဲ့ပြီး အကောင်းဆုံး ကစားသမား ဖြစ်လာစေခဲ့တယ်လို့ ရက်ရှ်ဖို့ဒ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ပြောပါတယ်။  တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ မော်ရင်ဟို လက်ထက်မှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
11 months Ago
Up