ကစားသမား

November 22, 2022

လူမစုံသော်လည်း ရှိသည့်ကစားသမားများအပေါ် ယုံကြည်ကြောင်း ပြင်သစ်နည်းပြပြော

လက်ရှိကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာပြဿနာကြောင့် ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ခြင်းမရှိပေမဲ့ ရှိတဲ့ ကစားသမားတွေအပေါ် ယုံကြည်ကြောင်း နည်းပြဒတ်ရွှန့်က ပြောပါတယ်။

လက်ရှိကမ္ဘာ့ချန်ပီယံအသင်းမှာ အားထားရတဲ့တိုက်စစ်မှူးဘင်ဇီမာနဲ့ လိုက်ဇစ်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ကစားသမား အမ်ကမ်ကူတို့က ဒဏ်ရာပြဿနာတွေကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။

အလားတူ ပေါ့ဘာ၊ ကန်တေ၊ ကင်ပမ်ဘီတို့လို အမာခံကစားသမားတွေဟာလည်း ဒဏ်ရာကြောင့် ရွေးချယ်နိုင်ခြင်းမရှိခဲ့ပါဘူး။

အဲဒီအပေါ်မှာ နည်းပြ ဒတ်ရွှန့်ကတော့ စိုးရိမ်စရာမရှိကြောင်းနဲ့ အသင်းမှာ ဦးဆောင်နိုင်တဲ့က စားသမားတွေရှိပြီး ဖြစ်နိုင်သမျှ အရာအားလုံးကိုလည်းပြင်ဆင်ထားပြီး ဖြစ်တယ်လို့ နည်းပြ ဒတ်ရွှန့်ကပြောပါတယ်။

အခုနှစ်ကမ္ဘာ့ဖလားမှာ ကစားသမား ၂၅ ဦးအထိ ခေါ်ယူခွင့်ရှိတာကြောင့် ကြုံလာသမျှ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ရှိတဲ့ကစားသမားတွေနဲ့ ဖြေရှင်းနိုင် စွမ်းရှိကြောင်း နည်းပြဒတ်ရွှန့်စ်က ပြောသွားပါတယ်။ 

7 days Ago

October 2, 2022

စပါးအသင်းကိုအနိုင်ရခဲ့သည့်အတွက် ကစားသမားများယုံကြည်မှုရစေဟု အာဆင်နယ်နည်းပြပြော

မြောက်လန်ဒန်ဒါဘီမှာ စပါးအသင်းကို အနိုင်ရခဲ့တာက အာဆင်နယ်ဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရစေတယ်လို့ အာဆင်နယ် နည်းပြအာတီတာက ပြောပါတယ်။ 

အာဆင်နယ်ဟာ မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါဘီနိုင်ပွဲဟာ ကစားသမားတွေကို ယုံကြည်မှုရှိစေတာမှန်ပေမယ့် တိုးတက်ဖို့လိုအပ်နေတဲ့ အရာတွေလည်းရှိသေးတယ်လို့  နည်းပြအာတီတာက ပွဲအပြီးမှာ ပြောပါတယ်။

“ဒီနိုင်ပွဲက ဒီအသင်းကလူတွေဟာ ထိပ်တန်းအဆင့်ခြေစွမ်းနဲ့ ဒီလိုပြိုင်ဘက်ကောင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရရှိစေတယ်။ ဒီအသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ မြင်နေရတာကခမ်းနားလှတယ်။ ဒါပေမဲ့ ကျနော်တို့ အာရုံစိုက်ဖို့လိုပါသေးတယ်။ အခုချိန်အထိ ကျနော်တို့ ဘာမှစွမ်းဆောင်နိုင်သေးတာမဟုတ်ပါဘူး။ တိုးတက်ဖို့လိုအပ်နေတဲ့ အစိတ်အပိုင်းတွေလည်း ရှိနေဆဲဖြစ်တယ်” လို့ အာတီတာက ပြောပါတယ်။ 

ဆက်လက်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာ တော့ နည်းပြအာတီတာက ငြင်းဆန်သွားပါတယ်။ 

2 months Ago
More News
Up