ကစားသည့်

January 19, 2020

ခံစစ်ပိတ် ကစားသည့် မန်ယူကို လီဗာပူးနည်းပြ ဝေဖန်

မန်ချက်စတာယူနိုက်တက်လို့ ထိပ်တန်းအသင်းက ခံစစ်ပိတ် ကစားတတ်တာဟာ ထူးဆန်းမှု ဖြစ်နေတယ်လို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ ဇန်နဝါရီ ၁၉ ရက်မှာတော့ အင်္ဂလန် ဒါဘီပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အမ်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။  ပထမအကျော့က အိုးထရတ်ဖို့ဒ်ကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာပါ။  အဲဒီပွဲတုန်းက ယူနိုက်တက်အသင်းအနေနဲ့ ခံစစ်ပိတ်ကစားသွားခဲ့ပြီး အရည်အသွေးရှိတဲ့ ထိပ်တန်းအသင်းတသင်းက ခံစစ်ပိတ် ကစားတာဟာ ထူးဆန်းမှု ဖြစ်နေတယ်လို့ လီဗာပူး နည်းပြ ကလော့ပ်က ဝေဖန်လိုက်တာပါ။  ယူနိုက်တက်အသင်းနဲ့ ပွဲမှာ ရလဒ်ပိုင်း ဘယ်လို ထွက်ပေါ်လာနိုင်မလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ကလော့ပ်က ဖြေကြားရာမှာတော့ နှစ်သင်းစလုံးအတွက် ကောင်းမွန်နေတဲ့ အချိန်ကာလဖြစ်ပြီး ဘယ်အသင်းကမှ အနိုင်ရဖို့ ရေပန်းစားတာ မရှိကြောင်း သုံးသပ်ခဲ့ပါတယ်။
1 year Ago
Up