ချဲလ်ဆီး ကွင်းလယ်သမား ဒရင့်ဝါးတား ဒဏ်ရာကြောင့် လာမယ့် အောက်တိုဘာလ မတိုင်ခင်အထိ ကစားနိုင်ဖို့ မသေချာတဲ့ အနေထားမှာ ရှိနေပါတယ်။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ်သမား ပြီးခဲ့တဲ့လကမှ လက်စတာအသင်းကနေ ပေါင် ၃၅ သန်းနဲ့ ချဲလ်ဆီးကိုရောက်ရှိလာတာပါ။
အင်္ဂလန် လက်ရွေးစင် ကစားသမား ဒရင့်ဝါးတားဟာ ကြွက်သားဒဏ်ရာကြောင့် လက်စတာကို အနိုင်ရတဲ့ ပွဲစဉ်နဲ့ ကာရာဘတ်ကို နိုင်တဲ့ ချန်ပီယံလိဂ် ပွဲမှာ ပါဝင်နိုင်ခြင်း မရှိပါဘူး။
ချဲလ်ဆီးနည်းပြ ကွန်တီကတော့ သူ့ဒဏ်ရာ ပြန်ကောင်းလာဖို့ အချိန်ယူဖို့ လိုတယ်လို့ ပြောပါတယ်။
ကွင်းလယ်သမားအနေနဲ့ အနည်းဆုံး ၃ ပတ်ကနေ ၄ လောက်အထိ နားရလိမ့်မယ်လို့လည်း ဆိုပါတယ်။
4 years Ago