ကစားပုံမတူသည့် အသင်းများကို နိုင်ပွဲရရန်နည်းလမ်း ရှာတွေ့နိုင်ခဲ့ဟု ဂွါဒီယိုလာပြော

December 28, 2017

ကစားပုံမတူသည့် အသင်းများကို နိုင်ပွဲရရန်နည်းလမ်း ရှာတွေ့နိုင်ခဲ့ဟု ဂွါဒီယိုလာပြော

ကစားပုံမတူတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နိုင်ပွဲရဖို့နည်းလမ်း အမြဲတမ်း ရှာတွေ့နိုင်ခဲ့တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာလည်း တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် အနိုင်ရတဲ့စံချိန် ထပ်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၈ ပွဲစလုံးမှာ ကစားပုံအမျိုးမျိုး ကစားတတ်တဲ့ အသင်းတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ မိမိတို့အသင်းက အနိုင်ရတဲ့နည်းလမ်းကို အမြဲရှာတွေ့နိုင်ခဲ့တာကြောင့် အခုလို နိုင်ပွဲဆက်နေတာလို့ ဂွါဒီယိုလာက ဆိုပါတယ်။ နည်းပြ ဂွါဒီယိုလာအနေနဲ့ လာမယ့် ပွဲစဉ် ၁၉ မှာ ခရစ္စတယ်ပဲလေ့စ်ကို ထပ်ပြီး အနိုင်ရမယ်ဆိုရင် ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ စံချိန်တင်ခဲ့တဲ့ ၁၉ ပွဲဆက်တိုက် နိုင်ပွဲစံချိန်ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အပြီးမှာ မန်စီးတီးအသင်းက ၁၉ ပွဲနိုင် ၁ ပွဲသရေ၊ ရှုံးပွဲမရှိ ရလဒ်နဲ့ ဒုတိယနေရာက မန်ယူအသင်းကို ၁၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားပါတယ်။
4 years Ago
Up