ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ဟု အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပြော

May 5, 2017

ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ဟု အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပြော

ဝေဖန်မှုတွေ ရှိနေပေမယ့် သူ့ရဲ့ကစားပုံကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်က ပြောကြားလိုက်ပါတယ်။ အိုဇေးလ်အနေနဲ့ ကွင်းအတွင်းမှာ အင်တိုက်အားတိုက် ကြိုးစားကစားခြင်း မရှိဘူးလို့ ပရိသတ်တချို့က ဝေဖန်နေကြတာပါ။ သူ့ရဲ့ကစားပုံကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်းရှိပြီး ဒါတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့ အိုဇေးလ်က  goal.com နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ အိုဇေးလ်က သူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို ချီးမွမ်းမှုတွေလည်း ရှိပေမယ့် နည်းပြရဲ့သုံးသပ်ချက်က ပိုပြီးအရေးပါတယ်လို့ ဆိုပါတယ်။ ဝေဖန်သူတွေအနေနဲ့ သူ့ရဲ့အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကွင်းထဲမှာ အများကြီး ပြေးလွှားကစားတဲ့အကြောင်းနဲ့ ကောင်းမွန်တဲ့ အာရုံစူးစိုက်မှု ရှိတယ်ဆိုတာ တွေ့ရလိမ့်မယ်လို့ အိုဇေးလ်က တုံ့ပြန်ပြောပါတယ်။ အသက် ၂၈ နှစ်ရှိ ဂျာမနီလက်ရွေးစင် အိုဇေးလ်ဟာ ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၁ ဂိုးသွင်းပြီး ၁၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။
4 years Ago
Up