ကစားခွင့်မရလည်း အပြစ်ပြောခံနေရဟု အိုဇေးလ်ပြော

October 18, 2019

ကစားခွင့်မရလည်း အပြစ်ပြောခံနေရဟု အိုဇေးလ်ပြော

အသင်းမှာ ပါဝင်ကစားခွင့်မရဘဲနဲ့တောင် အပြစ်ပြောခံနေရတယ်လို့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ပြောပါတယ်။  ကွင်းလယ်လူ အိုဇေးလ်ဟာ နည်းပြအမ်မရီရဲ့ နည်းစနစ်မှာ အံမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းရဲ့ ပွဲစဉ် ၃ ပွဲဆက်တိုက် ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။  အိုဇေးလ်ဟာ အခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ၂ ပွဲသာ ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်းလည်း မရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး မျှတမှုမရှိဘူးလို့ အိုဇေးလ်က တုံ့ပြန်လိုက်ပြီး ရလဒ်မကောင်းတဲ့ပွဲတွေမှာ သူပါဝင်ကစားခွင့်မရခဲ့တာတောင် ဝေဖန်ခံနေရ တယ်လို့ ပြောပါတယ်။ အသင်းမှာ အားလုံးအတူတကွ ကစားရတာဖြစ်လို့ မိမိတဦးတည်းကိုပဲ အပြစ်ပြောခံနေရတာဟာ မျှတမူမရှိကြောင်းနဲ့ ပြိုင်ဘက်အသင်းတွေက မိမိတို့အသင်းထက် ပိုကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာ မေ့မထားသင့်ကြောင်း အိုဇေးလ်က ပြောပါတယ်။ 
2 years Ago
Up