ကင်းလှည့်

October 24, 2021

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ ရုရှားနှင့်တရုတ်စစ်သင်္ဘောများ ပထမဆုံး ပူးတွဲကင်းလှည့်

ရုရှားနဲ့တရုတ် စစ်သင်္ဘောတွေဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ကနေ ၂၃ ရက်အတွင်း ပူးတွဲကင်းလှည့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက အောက်တိုဘာ ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်အစိုးရတို့ဟာ ဂျပန်ပင်လယ်ထဲမှာ အောက်တိုဘာအစောပိုင်းက ရေတပ်ချင်း စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။

လတ်တလော နှစ်တွေအတွင်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မချိုမြိန်ကြတဲ့ တရုတ်နဲ့ ရုရှား တို့ဟာ သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ ပိုနီးကပ်တဲ့ ဆက်ဆံရေးတွေကို ပျိုးထောင် တည်ဆောက်ခဲ့ကြပါတယ်။

သူတို့ရဲ့ ရေတပ်လှုပ်ရှားမှုကို ဂျပန်က အနီးကပ် စောင့်ကြည့်နေတဲ့ကြားက ဂျပန်ရဲ့အဓိကနဲ့ မြောက်ပိုင်း ကျွန်းမကြီးဖြစ်တဲ့ ဟော့ခိုင်းဒိုကျွန်းနဲ့ ကုန်းမကြီးကို ပိုင်းခြားထားတဲ့ စုငါ့ရု ရေလက်ကြားကိုဖြတ်ပြီး တရုတ်နဲ့ ရုရှားစစ်သင်္ဘော ဆယ်စီးပါတဲ့အုပ်စု ဖြတ်သန်း ခုတ်မောင်းသွားတယ်လို့ ဂျပန်အစိုးရက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ကင်းလှည့်ချိန်မှာ စစ်သင်္ဘောအုပ်စုဟာ စုငါ့ရု ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ပြောပါတယ်။

ဒီရေလက်ကြားဟာ နိုင်ငံတကာ ရေပိုင်နက်ဖြစ်ပြီး ကင်းလှည့်တာဟာ ရုရှားနဲ့ တရုတ် အလံတွေကို သရုပ်ပြဖို့၊ အာရှပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ ၂နိုင်ငံကြား ပင်လယ်ရေကြောင်း စီးပွားရေးလှုပ်ရှားမှုတွေကို စောင့်ရှောက်ဖို့လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

3 months Ago

September 14, 2021

မြင်းခြံမြို့နယ်တွင် ကင်းလှည့်စစ်ကောင်စီတပ်သားများ မိုင်ခွဲတိုက်ခိုက်ခံရ

မြင်းခြံမြို့နယ် ယုန်ထိုး-ထိန်ပန်းလမ်းမပေါ်မှာ စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သား ၁၀ ဦး ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်နေချိန် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တဦးက “အဖွဲ့ရဲ့ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အောင်မြင်သွားခဲ့တယ်။ ဆိုင်ကယ်ကို မိုင်းခွဲဖို့ဆိုတာ သေချာစောင့်ကြည့်ပြီး ချိန်ကိုက်လှုပ်ရှားရတာဖြစ်လို့ ကျနော့်ကလေးတွေ တော်ကြတယ်။ ဒီကင်းလှည့်တဲ့ စစ်သားတွေက သူတို့ကင်းလှည့်နေတုန်း မသင်္ကာရင် တခါတည်း ဖမ်းသွားတတ်တယ်။ မိုင်းကွဲထားတဲ့ ပတ်ဝန်းကျင်က တချို့ဒေသခံတွေက ရှောင်ကုန်ကြပြီ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ဆိုင်ကယ် ၄ စီးထိခိုက်​ပြီး စစ်သား ၈ ဦးသေဆုံးကြောင်း၊ လွတ်မြောက်သွားတဲ့ စစ်သားတွေကတော့ အဲ့ဒီလမ်းပေါ်မှာပဲ သေနတ်တွေ တရစပ်ဖောက်ခဲ့တယ်လို့လည်း  ပတ်ဝန်းကျင်က မျက်မြင်တွေက ပြောပါတယ်။

မြင်းခြံဒေသခံတစ်ဦးက "မိုင်းကွဲပြီး မကြာခင် စစ်ကားတစ်စီးရောက်လာပြီး အလောင်းတွေ လာကောက်သွားတယ်။ အခုတော့ လမ်းတဝိုက်မှာ လုံခြုံရေးတွေ ချထားတယ်။ ကင်းပုန်းတွေဖြစ်မှာ'' လို့ ပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေကတော့ တစုံတရာထိခိုက်မှု မရှိဘဲ အောင်မြင်စွာနဲ့ လုံခြုံတဲ့နေရာကို ဆုတ်ခွာသွားနိုင်ပြီလို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့မှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

4 months Ago
More News
Up