ကင်းလွတ်

January 21, 2021

သမ္မတထရမ့်က  ရာထူးကမဆင်းပေးခင် လူပေါင်း ၇၃ ဦးကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြု

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူးကနေ ဆင်းပေးရတော့မယ့် နောက်ဆုံးအချိန်မှာ  လိမ်လည်မှုစွဲချက်တွေ ရင်ဆိုင်နေရတဲ့ သူရဲ့ အကြံပေးဟောင်း စတိဗ်ဘန်နွန်အပါအဝင်  ၇၃ ယောက်ကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ဂျိုးဘိုင်ဒင် သမ္မတ  ရာထူးလက်ခံပွဲ မတိုင်ခင် သမ္မတ ထရမ့်က   နောက်ထပ် အယောက် ၇၀ ကို  ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရက်ပ်အဆိုတော် လီဝိန်းက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရပြီး ရက်ပ်အဆိုတော် ကိုဒက်ဘလက်ခ်နဲ့ ဒက်ထရိုက်မြို့တော်ဝန်ဟောင်း ကွာမိန် ကိုပတ်ထရစ်တို့ကို ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ သူကိုယ်တိုင်နဲ့ မိသားစုဝင်တွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မထုတ်ပြန်ခဲ့ပါဘူး။
9 months Ago
Up