ကင်မ်ဂျုံအန်း

January 17, 2020

မြောက်ကိုရီးယားခေါင်းဆောင်ကို သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည့်စစ်သမီးများ (ရုပ်သံ)

စစ်တပ်ထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရှေ့မှာ အမျိုးသမီးစစ်သည်တွေ သီချင်းဆို ဖျော်ဖြေနေတဲ့ ရုပ်သံကို မြောက်ကိုရီးယားအစိုးရ မီဒီယာက ထုတ်လွှင့်ပါတယ်။  အုပ်စုလိုက် ဓာတ်ပုံအတူတူ မရိုက်ခင်မှာ ခေါင်းဆောင်ကင်မ်ရဲ့ ရှေ့မှာ ခုန်ပေါက် ကောင်းချီးပေးနေတဲ့ စစ်သည်တွေရဲ့ပုံကို KRT က ထုတ်လွှင့်ခဲ့တာပါ။  ကင်မ်ဟာ အရင်ကလည်း အနောက်ဘက်ပင်လယ်နယ်စပ်နားက ချန်ဂရင်ကျွန်းပေါ်မှာရှိ တပ်ချထားတဲ့ ကာကွယ်ရေးတပ်ဆီ သွား ရောက်လည်ပတ်လေ့ရှိသလို အခုလည်း တပ်တွေကို စစ်ဆေးတဲ့ ခရီးစဉ်အစိတ်အပိုင်းအနေနဲ့ သွားခဲ့တာလို့ ကေအာရ်တီက ပြောပါတယ်။ ကင်မ်ဟာ စစ်သည်တွေကို မှန်ပြောင်းတလက်စီ နဲ့ အော်တိုမက်တစ် ရိုင်ဖယ်သေနတ် တလက်စီ လက်ဆောင်ပေးခဲ့တယ်လို့ ကေအာရ်တီ သတင်းဌာနက အစီရင်ခံခဲ့ပါတယ်။ 
2 years Ago

December 30, 2019

ပါတီထိပ်တန်းအရာရှိများနှင့် အရေးကြီးမူဝါဒရေးရာ ကင်မ်ဂျုံအန်း ဆွေးနွေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လက်ရှိအာဏာရ လုပ်သားပါတီ အစည်းအဝေးမှာ နိုင်ငံခြားရေး၊ စစ်တပ်ကို လက်နက်တပ်ဆင်ရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ အစိုးရမီဒီယာ KCNA က ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ ကင်မ်ဟာ ပါတီထိပ်တန်းအရာရှိတွေနဲ့အတူ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပတဲ့ အစည်းအဝေးအတွင်း အရေးကြီးတဲ့ မူဝါဒရေးရာတွေကို ဆွေးနွေးခဲ့တာပါ။ ရပ်တန့်နေတဲ့ နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ရပ်တည်ချက် ပျော့ပျောင်းစေဖို့ အမေရိကန်ကို ပေးထားတဲ့သတ်မှတ်ချိန် ကုန်ဆုံးရက်မတိုင်ခင်မှာ ခုလို အစည်းအဝေးတွေ လုပ်နေတာပါ။ လက်ရှိအခြေအနေအရ လိုအပ်နေတဲ့အတွက် မြောက်ကိုရီးယားရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာ အပြည့်အဝ သေချာစေရေး အပြုသဘောဆောင်ပြီး ကာကွယ်နိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေကို လုပ်သွားဖို့ လိုတယ်လို့ ကင်မ်က အလေးအနက်ထား ပြောဆိုခဲ့တယ်။ အစည်းအဝေး မပြီးသေးဘဲ ဆက်ကျင်းပနေဆဲပဲလို့ KCNA က ပြောပါတယ်။  မြောက်ကိုရီးယား စီးပွားရေးဟာ နျူကလီးယားလက်နက်အစီအစဉ်ကြောင့် နိုင်ငံတကာ ဒဏ်ခတ်မှုဒဏ်ကို ခံနေရတယ်၊ နိုင်ငံ့စီးပွားရေးအတွက် အဓိကကျတဲ့ စက်မှုလုပ်ငန်းတွေမှာ ဆိုးရွားနေတဲ့ အခြေအနေတွေကို အမြန်ပြင်ဆင်ဖို့ လုပ်ငန်းစဉ်တွေကို ကင်မ်က တင်ပြခဲ့တယ်လို့ ကေအာရ်တီ သတင်းဌာနက ပြောပါတယ်။
2 years Ago
Up