ကင်မရွန်း

A d v e r t i s e m e n t With Us

April 18, 2020

ကင်မရွန်းတွင် ပိုးရှိသူနှင့် ထိတွေ့ခဲ့သူများကို အရှိန်မြှင့် စုံစမ်းရှာဖွေ

ကိုရိုနာဗိုင်းရပ်စ် ပိုး ရှိ၊ မရှိ  စစ်ဆေးတာတွေ တိုးမြှင့်လုပ်နေတဲ့ ကင်မရွန်းနိုင်ငံမှာ ပိုးရှိသူနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေကို ခြေရာခံလိုက်ရှာတဲ့လုပ်ငန်းကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။   အသက် ၃၂  နှစ် အရွယ် အမျိုးသမီး ၁ ဦးက ရောဂါလက္ခဏာတွေ ဖြစ်တယ်လို့  တာဝန်ရှိသူတွေကို အကြောင်းကြားပြီးနောက်မှာ ဆရာဝန်အဖွဲ့တဖွဲ့က ဒူအာလာမြို့မှာ အဲဒီအမျိုးသမီးကို လာရောက်  ရှာဖွေခဲ့ပါတယ်။   လူ ၅ သိန်း နေထိုင်ရာ ဘွန်နယ်ဆာမာခရိုင်မှာ ဆေးအဖွဲ့ နှစ်ဖွဲ့သာ ရှိတာမို့ ဝန်နဲ့အား  မမျှ ဖြစ်နေတယ်လို့လည်း ဆရာဝန်တဦးက ပြောပြခဲ့ပါတယ်။  ကင်မရွန်းနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် စဖြစ်ကတည်းက ဆေးဘက်ဝန်ထမ်း ၂၃ ယောက်အထိ ကူးစက်ခံရတယ်လို့  တာဝန်ရှိသူတွေက ပြောထားပါတယ်။  ဧပြီ ၁၆ ရက်မှာတော့ အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး စင်တာက ဆာဟာရ အောက်ပိုင်းဒေသနိုင်ငံတွေမှာ ရောဂါစစ်ဆေးတာကို အလုံ‌အလောက် မလုပ်ဆောင်ခဲ့ကြောင်းနဲ့  အာဖရိကတိုက်မှာ တနိုင်ငံနဲ့တင်ငံ စစ်ဆေးမှု ကွာဟချက် ကြိးမားတယ်လို့ ပြောပါတယ်။  ကင်မရွန်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၁၀၁၇ ယောက်နဲ့ သေဆုံးသူ ၂၁ ယောက် ရှိပြီလို့ သိရပါတယ်။
10 months Ago
Up