ကင်ညာစစ်စခန်း

A d v e r t i s e m e n t With Us

January 7, 2020

အမေရိကန်နှင့် ကင်ညာစစ်စခန်းကို စစ်သွေးကြွအုပ်စု တိုက်ခိုက်

ကင်ညာနိုင်ငံအတွင်း အမေရိကန်နဲ့ ကင်ညာတပ်တွေ ၂ တပ်စလုံး သုံးနေတဲ့ စစ်စခန်းတခုကို ဆိုမာလီ အခြေစိုက် အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုက ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် မီးလောင်နေတဲ့ လေယာဉ်တစီးနားမှာ မျက်နှာဖုံးစွပ် သေနတ်သမားတွေ မတ်တပ်ရပ်နေပုံ ဓာတ်ပုံတွေကိုလည်း ဖြန့်ချိခဲ့ပါတယ်။ ဆိုမာလီနိုင်ငံနဲ့ နယ်စပ်နား လာမူမြို့နယ်က မန်ဒါဘေး လေယာဉ်ကွင်းမှာ တိုက်ခိုက်ခံရတဲ့ အကြောင်း အမေရိကန်စစ်တပ် အာဖရိကစစ်တိုင်းက အတည်ပြုပါတယ်။ “တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တယ်၊ စစ်သွေးကြွ လေးယောက် သေဆုံးတယ်” လို့ ကင်ညာစစ်တပ်က ပြောပါတယ်။ ကင်ညာစစ်တပ်ဘက်ကရော အမေရိကန် စစ်တပ်ဘက်ကပါ ထိခိုက်သေဆုံးမှု သတင်းကို မရသေးပါဘူး။
1 year Ago
Up