ကင်ဂျုံအီးလ်

February 17, 2020

မြောက်ကိုရီးယားခေါင်းဆောင် လူထုရှေ့ ပြန်ထွက်၊ နေနန်းတော် သွားရောက်လည်ပတ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ သူ့ဖခင် နိုင်ငံခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်ရဲ့ မွေးနေ့အခမ်းအနား ကျင်းပရာ ခမ်စုဆန် နေနန်းတော်ဆီကို လာရောက် လည်ပတ်နေပုံတွေကို မြောက်ကိုရီးယားအစိုးရရုပ်သံ ကေအာရ်တီက ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်လွှင့်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ကူးစက်ကြောင်း အတည်ပြုအပြီး ရက် ၅၀ အကြာ ကမ္ဘာတလွှားက ၂၉ နိုင်ငံကို ပျံ့နှံ့ကူးစက်ပြီးချိန်မှာ ကင်င် လူထု ရှေ့ကနေ ၂၂ ရက်ကြာ ပျောက်နေခဲ့တာပါ။ ဇန်နဝါရီ ၂၅ မှာ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်တွေ တက်ရောက်ချိန်က သူ့ကို နောက်ဆုံး တွေ့ခဲ့ကြပါတယ်။ မြောက်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်သစ် ကူးစက်မှုတခုကိုမှ အတည်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာပြနေသူတွေအတွက် ရောဂါခြေချုပ်အဖြစ် သီးသန့်ခွဲထားချိန် ရက် ၃၀ ထိ တိုးမြှင့်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံထဲမှာ နေထိုင်သူ အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံခြားသားတွေပါ ခြွင်းချက်မရှိ လိုက်နာဖို့ မျှော်လင့်ထားပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျရောက်တဲ့ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်ရဲ့ မွေးနေ့ကို နိုင်ငံတော် အားလပ်ရက်အဖြစ်ရော တောက်ပတဲ့ ကြွယ်ပွင့်နေ့အဖြစ်ပါ သတ်မှတ်ထားပါတယ်။
1 year Ago
Up