ကင်းမြီးကောက်ပုံစံသွင်းဂိုး

January 20, 2017

အကောင်းဆုံး ကင်းမြီးကောက်ပုံစံသွင်းဂိုး ၁၀ ဂိုး (ရုပ်သံ)

ဘောလုံးပွဲတပွဲမှာ သွင်းဂိုး ၁ ဂိုးရဖို့အတွက် မလွယ်ကူသလို တသင်းလုံး အပေးအယူမျှမျှနဲ့ ကြိုးစားအားထုတ်မှသာ ရရှိနိုင်တာပါ။ အဲဒီလို သွင်းဂိုးတွေထဲကမှ တဘက်အသင်းကို ကင်းမြီးကောက်ပုံစံနဲ့ ဂိုးသွင်းနိုင်ဖို့ဆိုတာ အတော်မလွယ်ကူသလို သွင်းယူနိုင်ခဲ့မယ်ဆိုလည်း တကယ့်ကို အံ့အားသင့်ဖွယ် အဖြစ်အပျက်ပါပဲ။ အဲဒီလို မလွယ်ကူလှတဲ့ ကင်းမြီးကောက်ထောင်ပြီး ဂိုးသွင်းယူခဲ့တဲ့ အကောင်းဆုံးဂိုး ၁၀ ဂိုးကို ယူကျု အင်တာနက်စာမျက်နှာမှာ စုစည်း ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ကန်သွားခဲ့တဲ့ မန်ယူ-ဆန်းဒါးလန်းပွဲစဉ်မှာ မန်ယူကွင်းလယ်လူ အမ်ခီတာရန်းရဲ့ ကင်းမြီးကောက်ပုံစံနဲ့ လှလှပပ ကန်သွင်းဟန်၊ ဒီနှစ် ဇန်နဝါရီ ၁ ရက်က ကန်ခဲ့တဲ့ အာဆင်နယ်-ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး ဂျရူးရဲ့ ကင်းမြီးကောက်ပုံစံ လှလှပပ ကန်သွင်းခဲ့တဲ့ ဂိုးတွေလည်း ပါဝင်ခဲ့ပါတယ်။
5 years Ago
Up