ကင်ယိုဂျွန်

February 9, 2018

အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရန် ကင်ဂျုံအန်းညီမ သီးသန့်လေယာဉ်ဖြင့် ရောက်ရှိလာ

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမ ကင်ယိုဂျွန်ဟာ ဒီကနေ့ ရောက်ရှိလာခဲ့တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကင်ယိုဂျွန်ဟာ သူ့ရဲ့ သီးသန့်ဂျက်လေယာဉ်နဲ့ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ရောက်ရှိလာခဲ့တာပါ။ သူဟာ ကင်ဂျုံအန်းရဲ့ အနီးကပ် အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး နိုင်ငံခြားခရီးသွားခဲသူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခုခရီးစဉ်မှာတော့ မြောက်ကိုရီးယားရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲတဦးဖြစ်တဲ့ ကင်ယောင်နမ်နဲ့ တခြား အကြီးတန်းအရာရှိတွေလည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up