ရိုမေးနီးယားကလပ် ဒိုင်နမို ဘူချာရက်စ်နဲ့ ကင်မရွန်းအလယ်တန်း ကစားသမား ပက်ထရစ် အီကန်ဟာ ဘောလုံးကစားနေစဉ် ကွင်းအတွင်းမှာ လဲကျပြီးနောက် သေဆုံးသွားပါတယ်။
မေ ၆ ရက်နေ့က အသက် ၂၆ နှစ်အရွယ် အီကန်ဟာ ရိုမေးနီးယားလိဂ်ပြိုင်ပွဲအဖြစ် ဗီတိုယုအသင်းနဲ့ ကစားနေစဉ် ဒုတိယပိုင်း မိနစ် ၇၀ မှာ နှလုံးရောဂါကြောင့် လဲကျသွားပါတယ်။
နောက်ပိုင်း ဆေးရုံရောက်ပြီး ၂ နာရီအကြာမှာတော့ သေဆုံးသွားတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်က သေဆုံးကြောင်း လူမှုရေးကွန်ရက် တွစ်တာပေါ်ကနေ အတည်ပြုခဲ့သလို အီကန်ရဲ့ ကလပ်ဟောင်း ကော်ဒိုဘာကလည်း ဆုံးရှုံးမှုကို ပြောပြဖို့ စကားလုံးမရှိ ဖြစ်ခဲ့တယ်လို့ ရေးပါတယ်။
၂၀၀၃ ခုနှစ်ကလည်း ပြင်သစ်မှာကျင်းပတဲ့ တိုက်ကြီးများ ချန်ပီယံပြိုင်ပွဲမှာ ကိုလံဘီယာ အသင်းနဲ့ ကစားစဉ် ကင်မရွန်း လက်ရွေးစင် ဗီဗီယန်ဖိုး လဲကျသေဆုံးသွားပါတယ်။
5 years Ago