ကင်မရွန်း

November 8, 2018

ကင်မရွန်းတွင် ပြန်ပေးဆွဲခံရသည့် ကျောင်းသားကျောင်းသူများ ပြန်လွတ်

ကင်မရွန်းနိုင်ငံ အနောက်ပိုင်းက ပြန်ပေးဆွဲခံ ကျောင်းသားကျောင်းသူတွေကို နိုဝင်ဘာ ၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး ဆရာ ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီကျောင်းသားကျောင်းသူတွေကို ဘာဖုမြို့ကနေ ၁၈ ကီလိုမီတာဝေးတဲ့ နေရာမှာ ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်ပေးဆွဲသူတွေဟာ ကလေးတွေကို ဘာဖုမြို့မှာ ဖွက်ထားပြီး တပ်ဖွဲ့ဝင်တွေ ချဉ်းကပ်လာတဲ့အခါ ကလေးတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကင်မရွန်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ အင်္ဂလိပ်စကားပြောဒေသ ဘာမင်ဒါမြို့ ကျောင်းတကျောင်းကနေ ကလေးငယ် ၇၈ ဦးကို လက်နက်ကိုင်တွေက နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီကလေးငယ်တွေ လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးမှာ ပါဝင်ခဲ့သူ ဘုန်းတော်ကြီးတပါးက အခုလို ပြန်လွှတ်ပေးဖို့ ပြန်ပေးငွေ ပေးခဲ့ရတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
3 years Ago

November 6, 2018

ကင်မရွန်းတွင် လက်နက်ကိုင်လူတစုက ကလေး ၇၉ ဦးကို ပြန်ပေးဆွဲ

ကင်မရွန်းနိုင်ငံ အနောက်ပိုင်း ဘမ်မန်ဒါမြို့မှာ နိုဝင်ဘာ ၅ ရက်နေ့က လက်နက်ကိုင် လူတစုက  ကျောင်းတကျောင်းအတွင်း ဝင်ရောက်ပြီး ကလေး ၇၉ ဦးကို ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီနောက် ကျောင်းသူကျောင်းသား၊ ကျောင်းအုပ်ကြီးနဲ့ ယာဉ်မောင်းတို့ကို မြို့ပြင် တောအုပ်အတွင်း ခေါ်ဆောင်သွားခဲ့တယ်လို့ အစိုးရ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲဒီအတွက် ကင်မရွန်းစစ်တပ်ကလည်း ရှာဖွေရေး စတင်လုပ်ဆောင်နေပါတယ်။ ပြန်ပေးဆွဲမှုဖြစ်ရာကျောင်းကို ဒေသအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး ပြန်ပေးဆွဲခံ ကျောင်းသားတွေကို စာသင်ခန်းအရောက် ပြန်လည်ခေါ်ဆောင်ပေးမယ်လို့  ကျောင်းသားမိဘတွေကို ပြောခဲ့ပါတယ်။ အင်္ဂလိပ်စကားပြော ခွဲထွက်ရေးဝါဒီတွေဟာ လက်ရှိ ပြင်သစ်စကားပြော အစိုးရနဲ့ အင်္ဂလိပ်စကားပြော လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့အနေနဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်တာတွေ၊ ကျောင်းတွေ ပိတ်တာတွေကို လုပ်ဆောင်နေပါတယ်။ ဒေသခံ သင်းအုပ်ဆရာတဦးက အခုပြန်ပေးဆွဲမှုကို ခွဲထွက်ရေးဝါဒီတွေ လုပ်ဆောင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခွဲထွက်ရေးဝါဒီ ပြောခွင့်ရတဦးကတော့ ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
3 years Ago
More News
Up