ကင်ညာ ဒု-သမ္မတ ဝီလျံ ရူတိုရဲ့ နေအိမ်ကို အမည်မသိသူ သေနတ်သမားတဦးက ဇူလိုင် ၂၉ ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီနေအိမ်ဟာ ကင်ညာနိုင်ငံ အနောက်ဘက်ခြမ်းက အယ်လ်ဒိုရတ်မြို့မှာရှိပြီး သေနတ်သမား ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဒု-သမ္မတ ရူတိုနဲ့ သူ့ရဲ့မိသားစုတွေက အိမ်မှာ မရှိကြဘူးလို့ သိရပါတယ်။
အိမ်လုံခြုံရေးတာဝန်ယူထားတဲ့ ရဲအရာရှိကတော့ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားချိန် လက်နက်ကိုင်အထူး တပ်ဖွဲ့တွေ ရောက်ရှိလာကြတယ်လို့လည်း သိရပါတယ်။
သြဂုတ် ၈ ရက်နေ့ ကျင်းပမယ့် ကင်ညာနိုင်ငံရဲ့ သမ္မတ၊ လွှတ်တော်အမတ်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ မတိုင်မီ ၁၀ ရက်အလိုမှာ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
ဒုသမ္မတ ရူတိုဟာ လက်ရှိ သမ္မတ အူဟူရူ ကန်ညက်တာနဲ့အတူ တစ်ပါတီတည်းကနေ ဒုတိယနေရာမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
6 years Ago