ကင်ညာနိုင်ငံ

February 17, 2019

ကင်ညာနိုင်ငံတွင် ရှားပါးကျားသစ်နက်တကောင် တွေ့ရှိ

ကင်ညာနိုင်ငံက တောတွင်းတနေရာမှာ ရှားပါးကျားသစ်နက်တကောင်ကို တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာတယောက်က အမှတ်မထင် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ကင်မရာနဲ့ အမိအရ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဒီကျားသစ်ရဲ့ ခန္ဓာကိုယ်က အမွေးအများစုဟာ အနက်ရောင်ဖြစ်နေတာကြောင့် သူ့ကို အနက်ရောင်ကျားသစ်လို့ သတ်မှတ်ရတာဖြစ်ကြောင်းနဲ့ ညဘက်အချိန်မှာ ဒီလိုသတ္တဝါတကောင်ကို မှတ်တမ်းတင်နိုင်ခဲ့တာဟာ တကယ့်ကို အံ့သြစရာပဲလို့ တောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာက Reuters သတင်းကို ပြောပါတယ်။ ဝီဘားရတ်လူးကပ်စ်ဆိုတဲ့ ဓာတ်ပုံဆရာက ဒီကျားသစ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး သူ့ကို တောတွင်းတနေရာမှာ ချထားတဲ့ sensor စနစ်သုံး ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာလို့လည်း လူးကပ်စ်က ပြောပါတယ်။ ကင်ညာတောတွင်းကို ရောက်ရှိနေတဲ့ ဆန်ဒေယေဂို တိရစ္ဆာန်ရုံက တောရိုင်းတိရိ စ္ဆာန်ရေးကျွမ်းကျင်သူတဦးကလည်း ဒီဖြစ်ရပ်ကို အတည်ပြုပေးခဲ့ပါတယ်။ ဆန်ဒီယေဂိုတိရိစ္ဆာန်ရုံရဲ့ ထုတ်ပြန်ချက်အရ ဒီဖြစ်ရပ်မတိုင်ခင်အဓိ ကျားသစ်နက်တွေကို အရှေ့တောင်အာရှမှာပဲ ရှာတွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်။
2 years Ago
Up