ကင်ညာဈေး

June 29, 2018

ကင်ညာဈေးတခု မီးလောင်၊ ၁၅ ဦးသေ ၇ဝ ကျော် ဒဏ်ရာရ

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှာ ဇွန်လ ၂၈ ရက်နေ့က ဈေးတခု မီးလောင်ကျွမ်းခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်မှာ ကျွန်းစိုက်ခင်းတခုကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဂီကွန်ဘာဈေးကို မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ ဂီကွန်ဘာဈေးဟာ လူနေထူထပ်တဲ့ နိုင်ရိုဘီမြို့လယ်ကောင်မှာ တည်ရှိပြီး တပတ်ရစ် အဝတ်အထည်တွေကအစ ကွန်ပျူတာ Hardware တွေအထိ ရောင်းချတဲ့ မှောင်ခိုဈေးကြီး ဖြစ်ပါတယ်။
3 years Ago
Up