အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးတို့ဟာ ကင်ညာသမ္မတ အူဟူရုကင်ညာတာနဲ့ ဇနီးတို့ကို သြဂုတ် ၂၇ ရက်နေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့နဲ့ နှစ်နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပြန်လည်လုပ်ဆောင်ဖို့ ကတိပြုပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်က ကင်ညာနိုင်ငံမှာ လမ်းဖောက်လုပ်ရေး စတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်တွေ လက်မှတ်ရေးထိုးသွားမယ်လို့ ပြောခဲ့ပါတယ်။
အလားတူ ကင်ညာသမ္မတကလည်း နှစ်နိုင်ငံ မိတ်ဘက်ဆက်ဆံရေးကို ပိုမိုအားကောင်းစေလိုပြီး အထူးသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
5 years Ago