ကင်ညာရှိ

February 3, 2018

ကင်ညာရှိ ပုဂ္ဂလိကရုပ်သံ ၃ ခု ပိတ်ထားမှု ရုပ်သိမ်းပေးရန် ဆန္ဒပြ

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီက ကီဘာရာ ဆင်းရဲသားရပ်ကွက်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကင်ညာရဲတွေက အတိုက်အခံရှေ့နေအားဖမ်းပြီး ပုဂ္ဂလိကရုပ်သံသုံးခု ပိတ်ထားတာကြောင့် ရုပ်သိမ်းဖို့ တရားရုံးအမိန့်ကို အာခံခဲ့တာပါ။ အဲဒီရုပ်သံ သုံးခုဟာ အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါက သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှုသတင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ အတိုက်အခံ ရှေ့နေ မစ်ဂူနာမစ်ဂူနာကတော့ သူ့ကိုယ်သူ အိုဒင်ဂါရဲ့ အမျိုးသား ခုခံရေး လှုပ်ရှားမှုရဲ့ ဗိုလ်ချုပ်လို့ ကြေညာခဲ့ပြီး ကျမ်းကျိန်ပွဲအတွင်း အိုဒင်ဂါရဲ့ ဘေးမှာ ရပ်နေခဲ့တာပါ။ သူ့ကိုတော့ နိုင်ရိုဘီမြို့က အိမ်မှာ အရုဏ်တက်ချိန် စီးနင်းမှုအတွင်း ဖမ်းခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ ကင်ညာသမ္မတ အူဟူရူ ကင်ညတ်တာရဲ့ သြဇာအာဏာကို ဗြောင်ကျကျ စိန်ခေါ်မှုလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အိုဒင်ဂါကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး တက်ရောက်တဲ့ ကျမ်းကျိန်ပွဲကို ရဲတွေက မဖြိုခွင်းခဲ့ပါဘူး။ အစိုးရကတော့ တရားမဝင်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ ပုဂ္ဂလိကပိုင် ရုပ်သံလွှင့်ဌာန သုံးခုက ကျမ်းကျိန်ပွဲ ကျင်းပပုံကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါကြောင့် အစိုးရက ရုပ်သံလွှင့်ခွင့် ပိတ်ခဲ့တာပါ။ အစိုးရရဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ တရားရုံးက အမိန့်ထုတ်ခဲ့ပေမယ့်  ရုပ်သံဌာနတွေက သောကြာနေ့ထိ ပိတ်ထားရဆဲပါ။ အစိုးရက တရားရုံးမှာ အယူခံဝင်ဖို့ စိစဉ်နေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
3 years Ago
Up