ကင်ညာတွင် ရွှံ့ထဲနစ်နေသည့်ဆင်ကို ကယ်တင်

A d v e r t i s e m e n t With Us

March 9, 2016

ကင်ညာတွင် ရွှံ့ထဲနစ်နေသည့်ဆင်ကို ကယ်တင် (ရုပ်သံ)

ကင်ညာနိုင်ငံ အလယ်ပိုင်းက တဝက်တပျက် ရေခန်းနေတဲ့ ရေတွင်း ရွှံ့ထဲမှာ နစ်နေတဲ့ ဆင်တကောင်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ကယ်တင်ခဲ့ကြပါတယ်။ အသက် ၂၀ အရွယ်လောက်ရှိပြီဖြစ်တဲ့ ဆင်ထီးကို ကား ၃ စီးနဲ့ ကြိုးတွေသုံးပြီး ဆွဲတင်ခဲ့ရတာပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (Northern Rangelands Trust) က တောခေါင်းတဦးက ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့မှာ ဆင်ကို စတွေ့ခဲ့ပြီး အန်အာရ်တီက ဝန်ထမ်းတွေနဲ့ လေဝါ သားရိုင်းထိန်းသိမ်းရေး အဖွဲ့တွေဆီက အကူအညီ တောင်းခဲ့ပါတယ်။ ဆင်အတွက် နင်းစရာ မြေမာရအောင်၊ ရွှံ့တွေမာလာအောင် သူတို့က မြေသားတွေ ကော်ထည့်ခဲ့တာပါ။ ပြီးမှ ကား ၃ စီးနဲ့ ဆွဲတင်ခဲ့ပါတယ်။ အဲဒီနောက် ဆင်ကို စိတ်ငြိမ်ဆေးပေးပြီး ကြိုးတွေကို ဘေးကင်းကင်း ဖယ်ထုတ်ခဲ့ပါတယ်။ ဆင်ကယ်ဆယ်ရေး လုပ်နေချိန်မှာ ဆင်က ဝန်ထမ်းတွေကို အန္တရာယ်ပေးမှာ စိုးရိမ်လို့ တိုင်းရင်းသား အယောက် ၃၀ ကျော်က သူတို့ရဲ့ ကျွဲနွားတွေနဲ့ အတူ စုရုံးနေခဲ့ကြပါတယ်။ ရေတွင်းဟာ တိုင်းရင်းသားတွေ၊ ကျွဲနွားတွေအတွက် ရေခပ်နေကျတွင်း ဖြစ်ပေမယ့် လတ်တလောလတွေအတွင်း ရေခန်းခဲ့တာပါ။ ၃ နာရီခွဲကြာ ကယ်ဆယ်ရေးလုပ်ငန်းကို မှတ်တမ်းတင်ခဲ့တဲ့ ဆဖာရီလုပ်ငန်း စိစစ်ရေးလုပ်သား ဂျူလီယာ ဘင့်ခ်စ်က ဆင်အသက်ရှင် ကျန်းမာတာ မတ် ၇ ရက်နေ့က မြင်ခဲ့တယ်လို့ ပြောပါတယ်။
5 years Ago
Up