ကင်ညာနိုင်ငံက ရစ်ဖှ်တော်ကြားမှာ မြေပြင်အက်ကွဲကြောင်းတွေ ပေါ်လာခဲ့လို့ မိသားစုတွေ ထွက်ပြေးခဲ့ရ ပါတယ်။
ကင်ညာနိုင်ငံမှာ သီတင်းပတ်နဲ့ချီအောင် မိုးသည်းထန်ပြီး ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် ရစ်ဖှ်တောင်ကြားမှာ ကီလိုမီတာချီ ရှည်လားတဲ့ မြေပြင် အက်ကွဲကြောင်းတွေ ပေါ်ခဲ့တာပါ။
ဒါကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။
မာဆိုင်းမာရာ သဘာဝ ဘေးမဲ့တောကို ဖြတ်ဖောက်ထားတဲ့ မိုင် မာဟီးရိုမြို့ အဝေးပြေး လမ်းပေါ်မှာ အက်ကြောင်းတွေ ပေါ်လာခဲ့တာပါ။
လာမယ့် ၂ လအတွင်း မိုးအကြီးအကျယ် ရွာနိုင်တယ်လို့ မျှော်လင့်ထားလို့ အက်ကြောင်းတွေ ကျယ်ပြန့် လာနိုင်တယ်လို့ ဘူမိဗေဒ ပညာရှင်တွေက သတိပေးခဲ့တာပါ။
မတ်လ ၁၈ရက်ကစပြီး အိမ်တွေထဲက ကွန်ကရစ်ကြမ်းခင်းမှာ အက်ကြောင်း ပေါ်လာခဲ့ပြီး တဖြည်းဖြည်း ကျယ်လာခဲ့လို့ အိမ်တွေဖျက်ရမယ့် အခြေအနေကို ရောက်ခဲ့ပါတယ်။
ဘူမိဗေဒ ပညာရှင်တွေက ကပ်ဘေးအဆင့်ကို အပြည့်အဝ ရောက်ဖို့ စနေပြီလို့ သတိပေးပါတယ်။
ဒီတောင်ကြားဟာ လွန်ဂိုနော့ တောင်နဲ့နီးလို့ မီးတောင် လှုပ်ရှားမှု သမိုင်းကြောင်းရှိတယ်။
မီးတောင်ပြာတွေက ပတ်ဝန်းကျင်ကို တည်ငြိမ်မှု အားနည်းစေပြီး မိုးရွာရင် တိုက်စား ပါသွားတယ် ပြာတွေပြည့်နေလို့ အက်ကြောင်းတွေကို လူတွေက အချိန် အများစုမှာ မမြင်နိုင်ကြ တာလို့ ဘူမိဗေဒပညာရှင် ဒေးဗစ်အဒီးဒီက ပြောပါတယ်။
ကြီးမားတဲ့ အက်ကွဲကြောင်းဟာ ကီလိုမီတာချီပြီး ရှည်လာျးပြီး လမ်းတွေနဲ့ ပတ်ဝန်းကျင် ရွာတွေကိုဖြတ်ပြီး ခွဲထုတ်သွားပါတယ်။
ဒါဟာ အာဖရိကတိုက်ရဲ့ မတည်ငြိမ်ဆုံးမြေပြင်မှာ ကြီးမားတဲ့ အက်ကွဲကြောင်း တောင်ကြားအတွင်း ပြင်းထန်တဲ့ သတိပေးချက်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် အစီရင်ခံပါတယ်။
5 years Ago