ကင်ဆာဝေဒနာရှင်ကလေးငယ်

September 8, 2015

ကင်ဆာ ဝေဒနာရှင် ကလေးငယ်နှင့် ရဲဝန်ထမ်း အကပြိုင် (ရုပ်သံ)

ကင်ဆာရောဂါကို ခံစားနေရတဲ့ ကလေးငယ်နဲ့ ရဲအရာရှိတဦးတို့ အကပြိုင်နေတဲ့ ရုပ်သံဖိုင်က ကြည့်ရှုသူတွေကို တနေ့တာ ရွှင်လန်းသွားစေမှာ ဖြစ်ပါတယ်။ အင်တာနက် ယူကျုပေါ်ကိုတင်ပြီး ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်က ဆန်ဖရန်စစ္စကို ရဲအရာရှိ ဂျိုးဇက်မာတီနဲ့ ၄ နှစ်သား ကော်တင်ဂူးယားတို့ ဘရိတ်ဒန့်စ် (Break Dance) ယှဉ်ပြိုင်နေတာကို ရိုက်ကူးထားတာပါ။ ယူစီအက်စ်အက်ဖ် ကလေးဆေးရုံကို အလည်သွားပြီး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးတွေ စည်းအပြင်ကလူဆိုတဲ့ ခံစားချက်မျိုး မခံစားရစေဖို့ မာတီရဲ့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ မာတီ ဘရိတ်ဒန့်စ် ကနေတာကို ၄ နှစ်သား ကော်တင်က ဗွီဒီယိုကနေ တွေ့ရှိခဲ့ပြီး စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးရဲ့ စိန်ခေါ်မှုကို မငြင်းပယ်သင့်ဘူးလို့ ယူဆပြီး မာတီက သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up