အမေရိကန်ပြည်ထောင်စု မန်ဖီး နိုင်ငံတကာ လေဆိပ်မှာ ကင်ဆာရောဂါ ခံစားနေရတဲ့ အမျိုးသမီးတဦးကို ရဲတွေက အတင်းအကြပ်ဖမ်းဆီးခဲ့တဲ့ ဗွီဒီယို ရုပ်သံဖိုင် တခု ထွက်ပေါ်လာပါတယ်။
၂၀၁၅ ဇွန် ၃၀ ရက်က လေဆိပ် လုံခြုံရေးအစောင့်တွေကို စိန့်ဂျပ်ဆေးရုံကပြန်လာတဲ့ လူနာ ဟာနာကိုဟင်နဲ့ မိခင်တို့ ဖြတ်ကျော်နေစဉ် ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။
ဆေးရုံကနေ အိမ်ကိုပြန်ရာမှာ လုံခြုံရေး အစောင့်တွေကို ကာယကံမြောက် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုနဲ့ အသက် ၁၉ နှစ်အရွယ် ကိုဟင်ကို တရားစွဲဆိုခဲ့ပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ ကိုဟင်က လုံခြုံရေး အစောင့်တွေနဲ့ စကားပြောနေပြီး သူကိုဖမ်းဖို့ ကြိုးစားတဲ့အစောင့်ကို ကိုဟင်က ကိုယ်ထိလက်ရောက် တုံ့ပြန်ခဲ့ပါတယ်။ ဒီအတွက် အစောင့်က သူကို ကြမ်းပြင်ပေါ်မှာ မှောက်ရက်လဲချကာ လက်ထိတ်ခတ်ဖို့ ကြိုးစားခဲ့ပါတယ်။
ကိုဟင်မိခင်ကတော ဦးနှောက်မှာရှိတဲ့ ကင်ဆာအကြိတ်ကြောင့် ဖြစ်ပွားနေတဲ့ အခြေအနေတွေ ရဲတွေကို ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် အစောင့်တွေက နားမထောင်ဘဲ သမီးဖြစ်သူကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိခင် ရှယ်လေက ပြောပါတယ်။
ဆေးကုသဖို့ ခံယူဖို့ အတွက်လေဆိပ်ကို အကြိမ်ကြိမ် ဖြတ်သန်းသွားပေမယ့် တခါမှ အခုလို မဖြစ်ဖူးဘူးလို့လည်း ဆိုပါတယ်။
5 years Ago