ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျင်းပူရီခရိုင် ဘန်တေချမြို့နယ်ထဲမှာ မော်ဆိုင်လို့ခေါ်တဲ့ ဆေးဆရာတဦးဆီက ကင်ဆာပျောက်ဆေး အလကား ပေးနေတာ နာမည်ကြီးနေပြီး ဧပြီ ၁ ရက်နေ့က ကင်ဆာရောဂါရှင် ၃ သောင်းလောက် လာရောက်တောင်းဆိုခဲ့ကြတာကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။
ဆေးမြစ်တွေကနေ ကင်ဆာပျောက်ဆေးဖော်စပ်တဲ့ ဆေးဆရာ မော်ဆိုင်ရဲ့ အိမ်အပြင်ဘက်မှာ လူတန်းကြီးက သန်းခေါင်ကျော် ၅ မိနစ်ကျော်ပြီးကတည်းက စတန်းစီခဲ့တာတာကြောင့် ၂ ကီလိုမီတာအရှည် လမ်းပိတ်ဆို့မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆေးဆရာ မော်ဆိုင်ဟာ ဆရာဝန်တဦးလို တရားဝင် သင်ကြားပေးခံရခြင်း မရှိပေမယ့် လစဉ် ပထမပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဆေးမြစ်တွေ ရောထားတဲ့ ဆေးပေးလို့ သူ့ကို လေးစားနေကြတာပါ။
ကင်ဆာပျောက်ဆေးတောင့် အလကားယူသူတွေက သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ပြတဲ့ ဆေးစာအပါအဝင် သတင်းအချက်အလက်တွေကို ဖြည့်ရပြီး မူရန်ပရာချင်ဘူရီ ရဲဌာနမှာ ရဲမှတ်တမ်းလည်းယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဆရာမော်ဆိုင်ရဲ့ အချိန်ပြည့်အလုပ်အကိုင်က ခရိုင်လျှပ်စစ်ဌာနရဲ့ အခွဲ ပရာချင်ဘူရီဌာနက မန်နေဂျာတဦးလို့ သိရကြောင်း ပတ္တယားဝမ်းသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago