ကင်ဆာကို အနံ့ခံပြီး ဆရာဝန်ကို ကူညီပေးမည့် ခွေးလေး ဒေစီ (ရုပ်သံ)

August 28, 2015

ကင်ဆာ ကို အနံ့ခံပြီး ဆရာဝန် ကူညီပေးမည့် ခွေးလေး ဒေစီ (ရုပ်သံ)

အသက် ၁၁ နှစ် လက်ဗရာဒေါ အမျိုးအစား ဒေစီဆိုတဲ့ ခွေးလေးက ဆီးကျိတ်ကင်ဆာရဲ့ ကနဦး လက္ခဏာတွေကို အနံ့ခံနိုင်ပြီး လူတွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒေစီဟာ ဆီးကျိတ်ကင်ဆာနဲ့ပတ်သက်တဲ့ ရောဂါကို အနံ့ခံနိုင်တဲ့ ဗြိတိန်အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှုဌာနက ပထမဆုံး အတည်ပြုလိုက်တဲ့ အသုတ်ထဲက ခွေးတကောင်ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေး အလှူရှင်က ခွေးတွေကို လူရဲ့ရောဂါတွေ အနံ့ခံနိုင်အောင် လေ့ကျင့်ပေးထားတယ်လို့ ဒေါက်တာ ကလဲဂတ်စ်က ပြောပါတယ်။ ခွေးတွေရဲ့ နှာခေါင်းမှာ အာရုံခံနိုင်တဲ့ အရာ သန်း ၃၀၀ ရှိပြီး လူတွေမှာကတော့ ၅ သန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ ခွေးတွေကို လေ့ကျင့်ရာမှာ အမျိုးအစားမတူတဲ့ ဆီးနမူနာ ၈ ခုကို အနံ့ခံခိုင်းပါတယ်။ ကင်ဆာရောဂါပါတဲ့ ဆီးတွေကို အနံ့ခံတဲ့ အခါမှာတော့ သူတို့က ရပ်သွားပြီး ဟောင်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင် လျက်လေ့ရှိပါတယ်။ ဒါဟာ ကင်ဆာကို အနံ့ခံနိုင်တဲ့သဘော ဖြစ်ပါတယ်။ တရက်တည်းကို ရာနဲ့ချီပြီး ခွေးတွေက အာရုံခံနိုင်မှာဖြစ်သလို ဒါဟာ သူတို့အတွက် လွယ်ကူပြီး အမဲလိုက်တဲ့ ဂိမ်းတခု ဖြစ်တယ်လို့ ဒေါက်တာ ကလဲဂတ်စ်က ပြောပါတယ်။ လေ့ကျင့်ထားတဲ့ ခွေးတွေက ကင်ဆာလက္ခဏာရှိတဲ့ ဖြစ်ရပ် ၉၃ ခုနီးပါး အနံ့ခံနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆီးကျိတ်ကင်ဆာသာမကဘဲ တခြား ဓာတုအမှတ်အသားတွေရှိတဲ့ ရောဂါတွေကို အနံ့ခံနိုင်တယ်လို့ ဆိုပါတယ်။ ခွေးတွေရဲ့ အနံ့ခံနိုင်တဲ့ နှာခေါင်းကို အီလက်ထရစ်စနစ်နဲ့ သိပ္ပံပညာရှင်တွေက ဖန်တီးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့်လည်း ဘယ်နည်းပညာကမှ ခွေးနှာခေါင်းလောက် အနံ့ခံကောင်းတဲ့ ပစ္စည်းကို မတီထွင်နိုင်သေးပါဘူး။ ဒါကြောင့် ဆီးကျိတ်ရောဂါ တိုက်ဖျက်ရေးအတွက် လူတွေရဲ့မိတ်ဆွေ ခွေးတွေက အကောင်းဆုံး မဟာမိတ် ဖြစ်နေမှာ ဖြစ်ပါတယ်။
6 years Ago
Up