ကင်ဂျုံနမ်

February 17, 2017

ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှု သံသယရှိသူ မလေးအမျိုးသားတဦးကို ထပ်မံဖမ်းမိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ မလေးရှားနိုင်ငံသား အမျိုးသားတဦးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ထပ်မံဖမ်းမိခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ အမျိုးသမီး ၂ ဦးထဲက နောက်ထပ်ဖမ်းမိခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်တဲ့ အမျိုးသမီးရဲ့ ချစ်သူဖြစ်ပြီး သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်တွင်း အမျိုးသမီး ၂ ဦးက အဆိပ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာပါ။ သူ့ရဲ့အလောင်းကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ မလေးရှားရဲတွေက ပြောပေမယ့် လက်ရှိမှာတော့ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက အခုသေဆုံးခဲ့သူကို ကင်ချယ်လ်အမည်နဲ့ ကိုရီးယားအမျိုးသားတဦးလို့သာ ဖော်ပြခဲ့ကြတာဖြစ်ပေမယ့် တောင်ကိုရီးယားနိုင်ငံကတော့ ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယားက ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပေမယ့် လက်ရှိမှာတော့ ဘာကိုမှ အတည်မပြုနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago

February 16, 2017

ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်မှု သံသယရှိသူ အမျိုးသမီးနောက်တဦး ထပ်မံဖမ်းမိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ ဒုတိယမြောက် အမျိုးသမီးတဦးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထပ်မံဖမ်းမိခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်တွင်း အမျိုးသမီး ၂ ဦးက အဆိပ်ခပ်လုပ်ကြံရပြီး သေဆုံးသွားခဲ့ရတာပါ။ သူ့ရဲ့အလောင်းကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ မလေးရှားရဲတွေက ပြောပေမယ့် လက်ရှိမှာတော့ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး ၂ ဦးထဲက တဦးကို ကနဦး ဖမ်းဆီးခဲ့ပြီး သူဟာ ဗီယက်နမ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတဦးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ အခု ဒုတိယမြောက် ဖမ်းဆီးရမိတဲ့ အမျိုးသမီးကတော့ အင်ဒိုနီးရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတဦးဖြစ်တယ်လို့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ စုံစမ်းရေးဌာန ဗိုလ်ချုပ်ကြီး ဆီရိခါလစ် ဘင်အဘူဘိတ်ခ်ကာက ပြောပါတယ်။ မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက ခုသေဆုံးခဲ့သူကို ကင်ချယ်လ်အမည်နဲ့ ကိုရီးယားအမျိုးသားတဦးလို့သာ ဖော်ပြခဲ့ကြတာဖြစ်ပေမယ့် တောင်ကိုရီးယားနိုင်ငံကတော့ ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယားက ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပေမယ့် လက်ရှိမှာတော့ ဘာကိုမှ အတည်မပြုနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up