ကင်ဂျုံအန်း မြောက်ကိုရီးယား စစ်တပ်ဌာနချုပ်တခုကို စစ်ဆေးပုံ ထုတ်လွှင့်

March 3, 2017

ကင်ဂျုံအန်း မြောက်ကိုရီးယား စစ်တပ်ဌာနချုပ်တခုကို စစ်ဆေးပုံ ထုတ်လွှင့် (ရုပ်သံ)

ကင်ဂျုံအန်း မြောက်ကိုရီးယား စစ်တပ်ဌာနချုပ်တခုကိ... by ဒီဗွီဘီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မြောက်ကိုရီးယားစစ်တပ်၊ တပ်မဌာနချုပ်တခုကို သွားရောက်စစ်ဆေးခဲ့ပုံတွေ အစိုးရပိုင်သတင်းဌာနက မတ် ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ပြုံယမ်းစစ်ဌာနချုပ် ၉၆၆ ကို စစ်တပ်အကြီးအကဲတွေ လိုက်ပါကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆင်ရေး အသင့်ပြင်ရေး ညွှန်ကြားချက်တွေ ချပေးခဲ့တယ်လို့ အစိုးရပိုင် ကေအာတီ ရုပ်သံသတင်းဌာနက ဖော်ပြပါတယ်။ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ထိပ်တန်းအကြံပေးတွေဖြစ်တဲ့ မြောက်ကိုရီးယားစစ်တပ် ဒု-ကာကွယ်ရေးဦးစီးချုပ် ဟန်ဗြောင်ဆော် (Hwang Pyong So)၊ ကာကွယ်ရေးဝန်ကြီး ရီယုံဂျယ် (Ri Yong Gil) တို့လည်း လိုက်ပါကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ကေအာတီ သတင်းဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ကင်ဂျုံအန်းရဲ့ ဖအေတူ၊ မအေကွဲ အစ်ကို မလေးရှားနိုင်ငံမှာ အသတ်ခံရမှုကို ကင်ဂျုံအန်းကိုယ်တိုင် စီစဉ်ညွှန်ကြားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သံသယဖြစ်နေကြတာပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံသားတဦး အသတ်ခံရတယ်လို့ ပြောဆိုပေမယ့် ခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို ဆိုတာကိုတော့ ငြင်းဆန်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံသားတဦးကို အဆိပ်ပေးသတ်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး၊ အထောက်အထားမရှိဘူးဆိုပြီး အစိုးရပိုင် ကေစီအန်အေ သတင်းအေဂျင်စီက ပြောဆိုပါတယ်။
5 years Ago
Up