ကင်ဂျုံအန်း ပြော

April 21, 2018

နျူကလီးယားဒုံးကျည် စမ်းသပ်မှု ရပ်တန့်မည်ဟု ကင်ဂျုံအန်း ပြော

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ချက်ချင်းထိထိရောက်ရောက် ရပ်တန့်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောတဲ့အကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ဧပြီ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ နျူကလီးယား စမ်းသပ်ကွင်းကိုလည်း ဖျက်သိမ်းမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တပ်ဆင်မှု အစီအစဉ် ပြီးမြောက်ခဲ့ပြီဖြစ်လို့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်တာတွေကို ဆက်လုပ်ဖို့ မလိုအပ်တော့တဲ့ အကြောင်းကိုလဲ ကင်ဂျုံအန်းရဲ့ ကြေညာချက်ကို ကိုးကားပြီး (KCNA) သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။ ဆက်လက်ပြီး မြောက်ကိုရီးယားဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယား သမ္မတမွန်းဂျေးအင်းနဲ့ လာမယ့် သီတင်းပတ်မှာ ထိပ်သီးဆွေးနွေးဖို့ရှိပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မေလကုန် ဒါမှမဟုတ် ဇွန်လဆန်းမှာ ဆွေးနွေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြသွားပါတယ်။
3 years Ago
Up